Tuesday, September 30, 2008

28.1 တို့ကလဲ အံတိုနေပြီဟေ့

အဲဒီကာလတွေဟာ အလုပ်လုပ်ခဲ့တဲ့ သက်တမ်းတလျှောက် အတော့်ကို လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါး နေခဲ့ရတဲ့ ကာလတွေ ပေါ့..။

အားလုံး ရင်းရင်းနှီးနှီး ချစ်ချစ်ခင်ခင် ဆိုပေမယ့်.. ကွန်ပြူတာ ဆရာမလုပ်ခဲ့တဲ့ တစ်ယောက်နဲ့ ကျွန်တော် ပိုရင်းနှီးတယ်..။ သူ့ကို တရုံးလုံးက ဟန်ရင်း လို့ ခေါ်ကြတယ်..။ မြ၀တီက လာတဲ့ တရုတ်ကား ဇာတ်လမ်းတွဲထဲက ဟန်ရင်း ဆိုတဲ့ မင်းသမီးနဲ့ တူလို့ အဲသလို ခေါ်ကြ တာပဲ..။

( ကျွန်တော်ကတော့ သူများ ဟန်ရင်း ဆိုလို့ ရင်း လိုက်တာပါ.. တီဗွီတလုံးတောင် မ၀ယ်နိုင်သေးလို့ ဟန်ရင်းကို မြင်တောင် မမြင်ဖူး လိုက်ဘူး )


တရုတ်ကား ထဲက ဟန်ရင်းမှာ ဘယ်လို ကာရိုက်တာ ရှိမှန်းမသိပေမယ့် ကျွန်တော့်ရုံးက ဟန်ရင်းမှာတော့ ထူးခြား တဲ့ အမူအကျင့် တခု ရှိတယ်..။

မိုးအကုန် ဆောင်းအကူးမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ လက်ဖ၀ါး အရေခွံ ကွာတာ မြင်လို့ကတော့.. အတင်းလက်ဆွဲပြီး .. ခွါတော့တာပဲ..။ အူယား လွန်းလို့ တဲ့..။

ကျွန်တော့်လက် ဆို သူ့လက်ချက် ကင်းတဲ့နေ့ကို မရှိသလောက်ပဲ..။

ကျွန်ပြူတာ ဆရာမ လုပ်ခဲ့ဖူးသူ ဆိုတော့လဲ.. ကွန်ပြူတာ အရမ်းကျွမ်းတယ်..။ စာစီစာရိုက်ကလဲ ဘာမြန်သလဲ မမေးနဲ့..။ သူ့မှီပြီး ကွှန်တော်လဲ.. တဖြည်းဖြည်း ကွန်ပြူတာ နဲ့ ပြန်အကျွမ်းတ၀င် ဖြစ်လာခဲ့ရတယ်..။ သူ့ကြောင့်နဲ့ပဲ ကေအမ်ဒီမှာ.. စီ ပရိုဂရမ်မင်း တက်ဖို့ ကျွန်တော်ဆုံးဖြတ်လိုက်တယ်..။

အိုင်အာတီမှာ သင်ခဲ့ရပေမယ့်.. ရိုးရိုးသားသား ၀န်ခံရရင်.. ကျောင်းစာတွေက ကျောင်းမှာ ကျန်ခဲ့ပြီ..။ အကိုကြီး တို့ အင်ဂျင်နီယာတွေ စင်ကာပူမှာ အလုပ်သွားလုပ်ရင်.. သိပ်ဝင်ငွေကောင်းတာ.. အချိန်တွေလဲ ပိုနေတာပဲ.. တက်ထားရင်မမှားဘူးလို့ .. တိုက်တိုက်တွန်းတွန်း သူပြောနေတာနဲ့.. ကျွန်တော်လဲ.. မဒမ်နဲ့တိုင်ပင်ပြီး.. ကေအမ်ဒီမှာ.. ကျောင်းစတက်ဖြစ်တယ်..။ ညနေပိုင်း သင်တန်းပေါ့..။ စနေ တနင်္ဂနွေ နှစ်ရက် တက်ရတယ်..။

ဟန်ရင်း ကပဲ.. စာရင်းသွင်းတာ .. ကျောင်းအပ်တာ.. အကုန်လိုက်လုပ်ပေးတယ်..။ သင်တဲ့ ဆရာမက သူ့သူငယ်ချင်း..။ ၀ါဝါထွန်း လို့ ခေါ် မှတ်တာပဲ..။ ပိန်ပိန်သွယ်သွယ်.. အပျိုကြီး..။

စတက် တဲ့ ရက်မှာပဲ.. ခေတ်နဲ့ကိုယ်နဲ့ အလှမ်းဝေးသွားတာ သတိထားမိလိုက်တယ်..။ အတန်းဖော်.. ဆယ့်ငါးရောက်လောက် ရှိတယ်..။ သူတို့ထဲမှာ ကိုယ်က အသက်အကြီးဆုံး..။ အဘိုးကြီး..။ အားလုံး လိုလိုက.. ဆယ်တန်းအောင်ပြီးစ.. ချာတိတ်ကလေးတွေ..။ စိတ်ဓါတ်ကျချင်သလိုလို ဖြစ်သွားပေမယ့် တက်မိမှာတော့ မထူးတော့ပါဘူး လေလို့ ဆုံးဖြတ်ပြီး.. ဆက်တက်ရတယ်..။

သင်တန်းခန်းနဲ့ သင်တန်းသားက မမျှတော့.. နေရထိုင်ရတာ.. အတော့်ကို ကျင်းကျင်းကြပ်ကြပ် ပါပဲ..။ ပါလာတဲ့ လွယ်အိပ်ထားစရာနေရာတောင် ခပ်ရှားရှားရယ်.။ ကျွန်တော်ကတော့.. လွယ်အိပ်ကို ခြေထောက်အောက် ထားလိုက်တာပဲ..။ အပျိုကြီးဆရာမက.. အဲဒါကိုမြင်တော့.. ဟဲ့.. လွယ်အိပ်ကို အောက်ထား ရသလား လို့ မှတ်ချက်ပြုတယ်..။

'' ကမ်ဘာ့ ဟိုဖက်ခြမ်းက ကြည့်ရင် လွယ်အိတ်က အပေါ်က .. ကျွန်တော်က အောက်က '' လို့ ကျွန်တော် ပြန်ပြောတော့.. '' အမယ်လေး ကောင်းလိုက်တဲ့ လော့ဂျစ် '' လို့ သူပြန်ပြောတယ်..။

သင်တန်းတက်တာ တပတ် နှစ်ပတ်လောက် ကြာတော့ အတန်းဖော်ကလေးတွေနဲ့ ကျွန်တော် တော်တော်လေး ရင်းနှီးသွားခဲ့တယ်..။ ဆရာမ အပျိုကြီးနဲ့ကတော့.. ခပ်တန်းတန်းပါပဲ..။ ကလေးတွေက.. အတန်းထဲမှာ ကျွန်တော် ပေါက်ကရ ပြောတာ သိပ်သဘောကျ ကျတယ်..။

ကျွန်တော်ကလည်း.. ဆရာမ ရှေ့က စာသင်တာကအစ.. အကွက်ပေါ်ရင် ပေါ်သလို ဟာသလုပ်တယ်..။ ဟန်ရင်း က မိတ်ဆက်ပေးထား တဲ့အပြင်.. အသက်အရွယ်ကလည်း သူနဲ့က ရွယ်တူလောက်.. ကျွန်တော်ဟာသ လုပ်တာကလဲ.. ပျော်စေပျက်စေလောက် ဆိုတော့.. အပျိုကြီးခမျာလဲ စိတ်ဆိုးရ ခက်နေဟန်တူပါတယ်..။

တရက်.. စာမေးပွဲစစ်တယ်..။ မေးခွန်းကို ရှေ့မှာ ချရေးပေးရင်း.. '' ရွီးမယ် ဖျန်းမယ် တော့ စိတ်မကူးနဲ့နော် .. တို့က ဆရာလုပ်လာတာ.. အံတိုနေပြီ '' လို့ သူပြောတယ်..။

ကျွန်တော်လည်း ချက်ခြင်းပဲ.. '' ဟေ့.. တို့ကလဲ တပည့်လုပ်လာတာ.. အံခွ နေပြီ.. ဆရာတွေ ပါးစပ်ဟရင် အူဘယ်နှစ်ခွေ ရှိတယ် ဆိုတာ သိတယ် ဟေ့ '' လို့ အရွှန်းထဖောက်တယ်..။

အပျိုကြီး ဘာပြောရမှန်းမသိဘဲ အံ့သြတဲ့အကြည့်နဲ့ ကျွန်တော့်ကို ကြည့်နေတယ်..။ ကျန်တဲ့သူတွေကတော့ တ၀ါးဝါးနဲ့..။

4 comments:

khin oo may said...

မောင်ကောင်းထက်ဟာသများ
ကားသမားက လမ်းပေါ်မှ လူ ကို တိုက် မလို ဖြစ်သွားသည်. ဒေါသထွက် သွား သော ကားဆရာ က. ဟေ့လူ။ ကားမမြင်ဘူးလား။ ဆိုတော. လမ်းပေါ် ကလူ ကလည်း အခု မှ လမ်းပေါ် တက် တာ မဟူတ်ဘူး ကိုယ့်လူ လို.ပြန် ဖြေပါသတဲ့။

khin oo may said...

အို .အသက် ငယ်ငယ်လေး ရှိသေးတာဘဲ.။ ဘယ်တုံး ကရိုက်ထားတာလဲဟက်။

:P said...

အံတိုတယ်ဆိုတာသိတယ်..
အံခွတယ်ဆိုတာက ဘယ်လိုမျိုးလဲ
အံတိုတာနဲ့ တူတူပဲလား
ခုချိန်ထိ ဇဝေဇ၀ါဖြစ်နေပါသည်

ဂျူနို said...

ဟုတ်တယ်။ မအယ်တက်တုန်းကလည်း ဆယ်တန်းအောင်စ ကလေးတွေနဲ့ မို့  တစ်ယောက်က အန်တီခေါ် လို့ ဆရာကပါ အန်တီတဲ့။