Thursday, September 11, 2008

24.5 မှတ်မှတ်ရရ ဒေါက်တာ ဂျော့ရှ်

ယမ်ယမ် ဆိုလို.ပြောရအုံးမယ်..။ ကျွန်တော်အဲဒီလိုမျိုး ယမ်ယမ်ပြုတ်နဲ့ တစ်ရက်လည်း မဟုတ် ချီတက်နေ တာကို ဒေါက်တာဂျော့ရှ် လို.ခေါ်တဲ့ အက်ဒ်မင် မန်နေဂျာက သိသွားတော့ ခေါင်းတခါခါနဲ့ ဆက်မစားဖို. တားတယ်..။

ခင်ဗျား အလုပ်လုပ် နေပုံနဲ့ ယမ်ယမ်က အာဟာရ မဖြစ်နိုင်ဘူး..။ ကြာရင် ဒုက္ခသေချာပေါက်ရောက်မယ် လို့ လည်း ပြောတယ်..။ သူက ဆရာဝန် ဆိုတော့ အစားအသောက်ကို ကျန်းမာရေး ရှုထောင့်ကနေ ကြည့်ပြီး ပြောတယ်..။

ကျွန်တော်ကတော့ ဗိုက်ပြည့်သလား၊ လွယ်သလား၊ ဈေးသက်သာသလား ဆိုတဲ့ ရှုထောင့်ကနေ အစားအသောက်ကို စားတယ်..။ ဒါပေမယ့် ကျွန်တော်ယမ်ယမ်ပဲ ပြုတ်စားနေတယ်ဆိုတာ တစ်ယောက်စကား တစ်ယောက်နားနဲ့ တရုံးလုံး နောက်ဆုံးတော့ သိသွားကြတယ်..။

သူငယ်ချင်းသူဌေးသားရဲ့ အမေက ကျွန်တော့်ကို ခင်တယ်..။ သူ့သား ထမင်းချိုင့်ထဲမှာ ကျွန်တော့်အတွက် နေ့တိုင်း ပိုထည့်ပေးလိုက်မယ်လို့ တစ်ရက် ကျွန်တော်သူတို့အိမ်ရောက်တုံး စပြောလာတယ်..။ သူ့ကမ်းလှမ်းချက်ကို ကျွန်တော်လက်ခံသင့် လက်မခံသင့် စဉ်းစားနေတုံး သူဌေးက သိပ်အဆင်မပြေနိုင် လောက်ဘူးဆိုတာမျိုး ၀င်ပြောတာနဲ့ ပွဲက ပျက်သွားရော..။

ဒေါက်တာဂျော့ရှ်နဲ့ ပတ်သက်လို့ မှတ်မှတ်ရရ လေးတွေ ပြောရအုံးမယ်..။ ဆရာဝန်ဆိုပေမယ့် ဆေးကုမစား သော ဆရာဝန်ပေါ့..။ စီမံခန့်ခွဲရေး အပိုင်းမှာ အတော်လေးကို အတွေ့အကြုံရှိတယ်..။ အရင်က UN ရုံးမှာ အလုပ်လုပ်ခဲ့တယ်လို့ သိရတယ်..။

စက်ရုံအလုပ်သမား ခန့်ဖို့ အင်တာဗျုးတာ သူလုပ်တယ်..။ လာလျောက်သမျ လူတွေကို ရုံးနောက်ဖက်က ကန်တင်း နေရာမှာ တစ်ယောက်ချင်း ဖင်ကုံးပြီး ချောင်းဆိုးခိုင်းတယ်..။

တော်သေးတာပေါ့..ကျွန်တော်အလုပ်လျောက်တုံးက သူမရှိတာ.. ။ နို.မို.ဆို.. မလွယ်ကျောပဲ..။

ဖင်ကုံးချောင်းဆိုး ပြီးတာနဲ့ စက်ရုံတစ်ပတ် ပြေးရတယ်..။ အူကျမကျလည်း စစ်သေးတယ်..။ အစစ်ခံရတဲ့ ကောင်တွေကတော့ ရယ်ရမှာလိုလို ငိုရမှာလိုလို ဖြစ်နေကြတာပေါ့..။

ဒေါက်တာဂျော့ရှ်က.. စကားပြော သိပ်ကောင်းတယ်..။ အထေ့အငေါ့ ကလည်း ဆရာတစ်ဆူပဲ..။ ကျွန်တော်တို့ စက်ရုံမှုးဆို သူနဲ့တွေ့ရင် ခံရတာချည်းပဲ..။

တစ်ရက်.. ကျွန်တော်တို့စက်ရုံမှုးကို လုပ်ငန်းကိစ္စနဲ့ ပတ်သက်လို့ သူ ရစ်တယ်..။ ဟိုဖက်က ပတ်ပြော ဒီဖက်က ပတ်ပြောနဲ့ နောက်ဆုံး .. ကျွန်တော်တို့ စက်ရုံမှုးက.. '' ဒေါက်တာဂျော့ရှ် ..ဒီမှာ ကျွန်တော် စိတ်ရှုပ်လို့ သေတော့မယ်.. ခင်ဗျားက တစ်မှောင့်.. အပြစ်တင်ဖို.ပဲ တတ်တယ်.. ကျုပ်ဖြင့် တိုင်နဲ.ခေါင်းနဲ.စောင့်ပြီးသာ သေလိုက်ချင်တော့တယ် ကူမယ်တော့ မရှိဘူး..'' လို့ ပြန်ပြောတယ်..။

ဒေါက်တာဂျော့ရှ်က.. '' ဟ.. ကူမယ်လေ.. ခင်ဗျားရှေ့ကသာ အားရပါးရ တိုင်နဲ.ခေါင်းနဲ.စောင့်..ကျုပ်နောက်က ခါးကိုင်ပြီး တွန်းပေးမယ် ''.. လို့ အငေါ့်အတူးမလွတ် ပြောတယ်..။ ကျွန်တော်တို.မှာ ရယ်လိုက်ရတာ..။

နောက်ရှိသေးတယ်..။ ကျွန်တော်တို.စက်ရုံကို တခြားစက်ရုံက လေ့လာတဲ့ပုံစံမျိုး လာချင်တဲ့ အကြောင်း ဒေါက်တာဂျော့ရှ်ဆီ ဖုံးဆက်တယ်..။ လှမ်းခွင့်တောင်းတာက အစိုးရဖက်စပ် သွပ်ပြားစက်ရုံက ဗိုလ်မှုးကြီး အဆင့်ရှိတဲ့သူ..။ ထုံးစံအတိုင်း သူတို.ကလည်း လာချင်သေးတယ်.. အောက်ကနေမပြောဘဲ.. မိုးပေါ်က လေသံနဲ့ ပြောတယ်..။

ဒေါက်တာဂျော့ရှ်က မဖြစ်နိုင်တဲ့အကြောင်း ပြန်ပြောတယ်..။ တဖက်က ခွင့်ပြုနိုင်တဲ့ လူကြီးနဲ့ တိုက်ရိုက် ပြောချင်တယ်လို့ တောင်းဆိုတယ်..။ ဒေါက်တာဂျော့ရှ်က အဲဒါလည်း မဖြစ်နိုင်ဘူးလို့ ပြန်ပြောတော့ ဟိုဖက်က ခင်ဗျားအဆင့်ကဘာလဲ.. ခင်ဗျားလုပ်ပိုင်ခွင့်ကဘာလဲ နဲ့ ဖြစ်ကုန်တယ်..။

အဲဒီမှာ ဒေါက်တာဂျော့ရှ်က.. '' ကျုပ်အဆင့်က ခင်ဗျားတို့ စက်ရုံလာကြည့်မှာကို ခွင့်ပြုဖို့သာ မတတ်နိုင်တာ.. တားခွင့်ကတော့ အပြည့်ရှိတယ်.. ခင်ဗျားတို.ကိုလာခွင့်မပြုနိုင်ဘူး ဒါပဲ '' လို့ ပြောရင်း ဖုံးချပစ်လိုက်တယ်..။

ဒေါက်တာဂျော့ရှ် လူမိတဲ့ အဖြစ် ရှိသေးတယ်..။ ကျွန်တော်ညဆိုင်းကျပြီး နောက်တနေ့မနက် ရုံးခန်းစားပွဲအောက်မှာ အိပ်နေတုံး သူရောက်လာတယ်..။ ကျွန်တော်အိပ်နေမှန်း သူမသိဘဲ ကျွန်တော့်စက်ရုံမှုးကို လက်ချာပေးတယ်..။ ကိုယ့်လက်အောက်ငယ်သား တွေကို ဘယ်လိုကိုင်တွယ် ရမယ်။ ဘယ်လို အရေးယူရမယ်..။

ပြောရင်းပြောရင်းနဲ့ ကျွန်တော့်အကြောင်းရောက်လာတယ်..။ ဒီကောင်က အလုပ်တော့လုပ်တယ်..။ ဒါပေမယ့် စည်းကမ်းမရှိဘူး..။ ၀န်ထမ်းကောင်းမဟုတ်ဘူးနဲ့ အတော်လေးကို ပြင်းပြင်းထန်ထန် ပြောတယ်..။ အိပ်ချင်မူးတူးဆိုပေမယ့် သူပြောတာတွေ ကျွန်တော်ကြားနေရတယ်..။

ကျွန်တော်စားပွဲအောက်မှာ အိပ်နေတာကို သိတဲ့စက်ရုံမှုးကတော့ အင်းမလုပ် အဲမလုပ် ပဲ။ ဒေါက်တာဂျော့ရှ်ကသာ စွတ်တင်နေတာ..။

နောက်ဆုံး နည်းနည်းတော့ အခက်တွေ့အောင် လုပ်လိုက်အုံးမယ် စိတ်ကူးနဲ့ ကျွန်တော်လည်း အင်းအဲ အော်ရင်း စားပွဲခုံအောက်ကနေ ထထွက်လိုက်တယ်..။ ဒေါက်တာဂျော့ရှ်က မျက်လုံးပြူးကြီးနဲ့ ကြည့်ရင်း ခင်ဗျားရဲ့ စားသောက်နေထိုင်ပုံကတော့ မဟုတ်သေးဘူးဗျာ .. လို.ချော်လည်းရောထိုင် ပြောတယ်..။
စက်ရုံမှုးကတော့ တဟားဟားနဲ့ ရယ်နေလေရဲ့..။

No comments: