Friday, September 12, 2008

25.1 မဒမ်နဗန နိဒါန်း (သို့) အချစ်ရထားကြီးရဲ.ဂိတ်ဆုံး

ရှေ့နားမှာ ရေးခဲ့တဲ့ ကျောင်းပြီစ .. အလုပ်မရှိ အကိုင်မရှိ တစ်ရာ့ကိုးတစ်ရာ့တစ်ဆယ်.. သူငယ်ချင်းတွေ တာမွေကတိုက်ခန်း စုစပ်ငှားနေတော့.. မျက်နှာချင်းဆိုင်အခန်းမှာ ခပ်ဟော့ဟော့ ခပ်ကဲကဲ.. ကောင်မလေး တစ်ယောက်ရှိတယ်..။

ကျွန်တော်တို့အဖွဲ့ထဲက တစ်ယောက်နဲ့ အဲဒီကောင်မလေး ဇာတ်လမ်းဖြစ်သွားပြီး မကြာခင်.. အဲဒီကောင်က စင်ကာပူမှာ အလုပ်ရလို့ ထွက်သွားတော့.. ကျွန်တော်တို့ထဲက နောက်တစ်ယောက်နဲ့ အဲဒီချာတိတ်မက အီစီကလီ ထပ်ဖြစ်ပြန်တယ်..။ သို့သော်.. ဒုတိယကောင်လည်း သိပ်မကြာလိုက်ဘူး..။ ပွဲကပြီးသွားပြန်တယ်..။

အဲသလိုမျိုး ကောင်မလေး ရည်းစားလက်မဲ့ဖြစ်နေချိန်မှာ ကျွန်တော်တို့အဖွဲ့ထဲက ခပ်အေးအေး သူငယ်ချင်းကို.. အားလုံးက ၀ိုင်းမြှောက်ပေးကြတယ်..။ မင်းနဲ့ ဆိုရင်တော့ ကောင်မလေးက မြဲချင်မြဲမှာ.. လို့..။

မြှောက်ပေးခံရတဲ့ သူငယ်ချင်းက .. “မင်းတို့အလှည့်တွေတုံးကတော့ ကော်မာကော်မာ (,) နဲ့ ငါ့အလှည့်ကျမှ ဖူးစတော့ ( full stop ) လုပ်ချင်လို့ ဘယ်ဖြစ်မလဲ.. ” လို့ ပြန်ပြော ခဲ့တာကို မှတ်မိသေးတယ်..။

ကျွန်တော့်ခမျာလည်း.. အချစ်သံသရာ ရထားကြီးကို စီးနင်းပြီး တဘူတာပြီး တဘူတာ.. ကော်မာကော်မာ နဲ့ ခရီးဆက်ခဲ့သမျှ.. နောက်ဆုံးမတော့ .. ဖူးစတော့ လိုက်ရတာပါပဲ..။

No comments: