Monday, September 1, 2008

20.6 တို့ကအခြောက်

အကို့အကြောင်းပြောရင်း ကျွန်တော့်အကြောင်း ရယ်စရာအဖြစ်အပျက်လေးတစ်ခု ခေါင်းထဲ ပေါ်လာတယ်..။ ထုံးစံအတိုင်း ဟိုရောက်ဒီရောက်ဖြစ်နေကျမို့.. ပေါ်လာတုံး ပြောရအုံးမယ်..။ ကျွန်တော့်အကြောင်းကတော့ မိန်းမလှလေးနဲ့ မဟုတ်ပါဘူး..။

သူတို့ကိုယ်သူတို့ အလှဖန်တီးရှင်များလို့ ကြွေးကြော်လေ့ရှိတဲ့ မိန်းမလျာနဲ့ပါ..။ လွန်ခဲ့တဲ့ နှစ်နှစ်လောက်က ရန်ကုန်မှာ ကျွန်တော်ဘွဲ့လွန်ဒီဂရီတစ်ခု တက်တယ်..။ ညနေပိုင်း သင်တန်းပေါ့..။ သင်တန်းက ညနေ ငါးနာရီကနေ ခုနှစ်နာရီအထိတက်ရတယ်..။

သင်တန်းပြီးရင် ကျောင်းပြင်ထွက်ပြီး လာကြိုမယ့် ကားကို ဓါတ်တိုင်အောက်မှာရပ်ပြီး ကျွန်တော်စောင့်ရတယ်..။ တခါတရံကားနောက်ကျရင် နာရီဝက်တနာရီလောက် စောင့်ရတယ်..။ စောင့်ရတာ အပမ်းမကြီးပေမယ့် ကျွန်တော်စောင့်တဲ့နေရာက နည်းနည်းရှုပ်တယ်..။

ညမှာအလုပ်လုပ်တဲ့ ညဥ့်ငှက်တွေလဲ အတော်ပေါတယ်..။ အခြောက်တွေလည်း ဒင်းကြမ်းပဲ..။ အခြောက်တွေက ကျွန်တော့်ကို Potential customer ထင်တယ်နဲ့ တူတယ်..။ လွယ်အိပ်လေးလွယ်လို့ ဓါတ်တိုင်အောက် ရပ်နေတဲ့ ငနဲ ဆိုတော့ လှုပ်လီလှုပ်လဲ့နဲ့ ကျွန်တော့်ရှေ့ကနေ ဖြတ်သွားဖြတ်လာ မာကတ်ကင်း ဆင်းတယ်..။

ကျွန်တော်ကလည်း သူတို့မြင်ရင် အူယားတယ်..။ ပါးစပ်ကလည်း တစ်ခုမဟုတ်တစ်ခု စချင်နေမိတယ်..။ ဒါပေမယ့် မောင်မင်းကြီးသားများက အုံနဲ့ကျင်းနဲ့ဆိုတော့ ပါးစပ်ပိတ်နေရတယ်..။ တစ်ရက် ကျွန်တော် ကားစောင့်နေတုံး အခြောက်သုံးလေးယောက် ကျွန်တော့်ရှေ့ကဖြတ်လျောက်ကြတယ်..။ ကွက်ကြည့်ကွက်ကြည့်နဲ့ ကျွန်တော့်ကို ကြည့်နေမှန်းသိပေမယ့် သူတို့ကအင်အားကြီးတော့ ကျွန်တော်ခပ်တည်တည် မှုန်တေတေနဲ့ ရပ်နေလိုက်ရတယ်..။

အဲ.. ဒါပေမယ့် သူတို့နောက်မလှမ်းမကမ်းမှာ အခြောက်တစ်ယောက် တစ်ယောက်ထဲ လျောက်လာတယ်..။ ဒါမျိုးဆိုရင်တော့ လာထားပေါ့..။ ၀မ်းဘိုင်ဝမ်းပဲလေ..။ ခပ်လှမ်းလှမ်းကတည်းက သူကလည်း ကျွန်တော့်ကို မခို့တရို့ကြည့်ရင်း လာတယ်..။ ကျွန်တော်ကလည်း သူ့ကို မချိုမချဉ်မျက်နှာပေး နဲ့ ပြီတည်တည် လုပ်နေလိုက်တယ်..။

အနားရောက်တော့ ကျွန်တော်မနေနိုင်ဘူး ခွိကနဲ ရယ်လိုက်မိတယ်..။ လှမ်းလက်စ ခြေလှမ်း တုန့်ကနဲ ရပ်ပြီး သူက '' ဘာရီတာလဲ.. အခြောက်ထင်လို့လား.. သေချာကြည့်အုံး..တို့က မိန်းမ '' လို့ ဇလုတ်ပေါက်နေတဲ့ အသံနဲ့ ကျွန်တော့်ကို ရန်ထောင်တယ်..။

ဒါမျိုးလာစမ်းလို့ ဘယ်ရမလဲ..။ ကျွန်တော်လည်း သူ့ကို သေချာကြည့်ပြီး ကျွန်တော့်ကို ကျွန်တော် လက်ညှိုးထိုးရင်း '' ဟေ့..တို့ကိုလည်း သေချာကြည့်အုံး ယောက်ျားထင်လို့လား..တို့ကအခြောက် '' လို့ ပြန်ပြော ပစ်လိုက်တယ်..။

3 comments:

puluque said...

ပိုင်တယ်ဗျာ.. ဒီက အခြောက်ဆိုတာ ...

Unknown said...

သွက်ချက် ကိုနဗန တို့ ကတော့ ဗျာ
အရင်က အခြောက်ဆိုရင် အမြင်တစ်မျိုး ဗျ
အခုတော့မှ ဒါ သူ့ စိတ်နဲ့ သူဘဲဆိုပြီးတော့
နေလိုက်တော့တာ

thu thu win said...

ha ha!!!!!!!!! u r super brain.