Wednesday, October 1, 2008

29.14 တိုးကြီး ရှုပ်ကြီး တို့ရဲ့ Happy March

တိုးကြီးက ကျောင်းပြီးတာနဲ့ မြောက်ဒဂုံ သူ့အိမ်မှာ ၉ တန်း ၁၀ တန်း ကျုရှင်ပြတယ်..။ ကျွန်တော်တောင် သုံးလေးလ သူနဲ့ ပူးပေါင်းပြီး ကျုရှင်ပြလိုက်သေးတယ်..။ ရှုပ်ကြီးကတော့ အနည်းဆုံး လေးငါးရှစ်နှစ်လောက် တိုးကြီးနဲ့ ကျုရှင်လောကမှာ ကျင်လည်သွားတယ်..။

သူတို့ကျုရှင်မှာ ဆရာဝင်ပေါက်စ တချို့လည်း သင်တယ်..။ ကျုရှင်နာမည်က Happy March တဲ့..။

၁၀ တန်းတွေ စာမေးပွဲဖြေတဲ့ လက မတ်လ..။ အဲဒီလမှာ ပျော်ကို ပျော်ရမယ် ဆိုတဲ့ အဓိပ္ပါယ်ကို ဦးတည်ဟန် တူပါတယ်..။ သေချာပေါက် ဖြေနိုင်စေရမယ်ပေါ့..။

လမ်းဘေးဝဲယာ ဆိုင်းဘုတ်ထောင် ကြေငြာတော့

'' အင်ဂျင်နီယာ များနှင့် ဆရာဝန်များ ဦးစီးသော Happy March ၉ တန်း ၁၀ တန်း နေ့အထူး ဘာသာစုံ သင်တန်းများ ''

လို့ ရေးတယ်..။

ငလုံးက အဲဒါကို ဖတ်ပြီး တိုးကြီးကို မင်းတို့ ကျုရှင်ဆိုင်းဘုတ် ကို ပြင်ရေးလိုက်ရင် ပိုကောင်းမယ်လို့ အကြံပေးတယ်..။

လုပ်စမ်းပါအုံး.. အကြံဥာဏ်ကောင်းလေး ရှိရင် ဆိုပြီး တိုးကြီးက ငလုံးကို အားတက်သရော အဟုတ်ထင်ပြီး တောင်းဆိုတယ်..။

'' အင်ဂျင်နီယာ မလုပ်တတ်သော အင်ဂျင်နီယာများနှင့် ဆရာဝန်မလုပ်တတ်သော ဆရာဝန်များ ဦးစီးသော Happy March, Crying July ၉ တန်း ၁၀ တန်း နေ့အထူး ... ''

ငလုံး ဆုံးအောင်တောင် မပြောလိုက်ရဘူး..။ ဟေ့ကောင် တော်တော်၊ အကောင်းမှတ်လို့ ဆိုပြီး သိန်းတိုးက ကြားဖြတ်တားတယ်..။ ဂျုလှိုင် လဆိုတာ..ဆယ်တန်းတွေ အောင်စာရင်း ထွက်နေကျ လ..။

ကျွန်တော်တို့ကတော့ တိုးကြီးနဲ့တွေ့တိုင်း အဲဒါပဲ ပြောပြော ပြီး စနေကြ တုံး..။

No comments: