သင်တန်းကာလက သုံးလ..။ အစဦးမှာသာ.. စိတ်ဓါတ် နည်းနည်းကျချင်သလို ဖြစ်ပေမယ့်.. နောက်တော့ သင်တန်းမှာ ကျွန်တော်ပျော်သွားခဲ့တယ်..။ ဒါပေမယ့်.. သင်တန်းပြီးလို့ ညနေညနေ အိမ်အပြန် မှာတော့ အတော်ဒုက္ခရောက်ခဲ့ရတယ်..။
သင်တန်းပြီးချိန်က ညရှစ်နာရီလောက် ဆိုတော့ စက်ရုံက ကားကို ယူလဲ မသုံးချင်..။ နိုင်ငံခြား ထွက်ဖြစ်ခဲ့ရင် ဆိုတဲ့ အတွေးနဲ့ တက်တဲ့ သင်တန်း မို့ မသုံးချင်တာလဲ ပါပါတယ်..။
ဒါကြောင့်သင်တန်းပြီးတာနဲ့ ကေအမ်ဒီ ကနေ.. ဗန္ဓုလပန်းခြံနားထိ လမ်းလျှောက်..။ ပန်းခြံဘေးကနေ သမိုင်းလမ်းဆုံအထိ လိုင်းကားစီး..။ သမိုင်းလမ်းဆုံရောက်မှ အဲဒီက တဆင့် လှိုင်သာယာ ပြန်စီး.။ အိမ်ရောက်တော့ ကိုးခွဲ ဆယ်နာရီ ရှိနေပြီ..။
ပုံမှန်အချိန် နေ့လည်နေ့ခင်းဖက် လိုင်းကားတွေထက် ညပိုင်းလိုင်းကား နဲ့ အောက်ဆိုဒ်ကားတွေက အတင်းမောင်း အတင်းကျော်တက်.. တစီးနဲ့တစီး ပြိုင် ဆိုတော့.. အိမ်မရောက်မချင်း စိတ်တအား ပင်ပမ်း ရပါတယ်..။
အထူးသဖြင့် သမိုင်းလမ်းဆုံကနေ လှိုင်သာယာ ဆွဲတဲ့..ဒိုင်နာ တွေ အဆိုးဆုံးပဲ..။ မောင်းလိုက်တာ ၀ုံးဒိုင်း ကို ကျဲ နေတာပေါ့..။
တစ်ရက်မဟုတ်.. နှစ်ရက်မဟုတ် ဆိုတော့ မဖြစ်ချေဘူးလို့ ကျွန်တော်တွေးပြီး.. ဒရိုင်ဘာ ကိုနည်းနည်းလောက် အထိန်းအကွပ်လုပ်ကြည့် မယ် စိတ်ကူးနဲ့ ကျွန်တော် ခေါင်းခန်းက စီးဖို့ ကြိုးစားတယ်..။
ဒါတောင်မှ သိပ် လွယ်လွယ်ကူကူ စီးခွင့် မရပါဘူး...။ ကိုယ်ရွှေဒရိုင်ဘာများက ကျွန်တော့်လို လူထက် မဒီကညာများကိုမှ ခေါင်းခန်းမှာ တင်စီးချင်ကြတာ..။ ခေါင်းခန်းထဲ လိုက်မယ့်သူ မရှိတာ မြင်နေတွေ့နေ ရသည့်တိုင် ခေါင်းခန်း အားလား လို့ မေးရင် မအားဘူးလို့ ပြန်ပြောတာက ခပ်များများ..။
ဘယ်လိုပဲ ဖြစ်ဖြစ် ခေါင်းခန်းက စီးခွင့်ရတိုင်းတော့ ကျွန်တော် ဒ၇ိုင်ဘာကို စကားမရှိ စကားရှာပြီး ပြောကြည့်တယ်..။ သူစိတ်ဝင်စားလောက်တဲ့ အကြောင်းအရာလေးတွေကို သွေးတိုးစမ်းကြည့်ရင်းနဲ့ ပေါ့..။
များသောအားဖြင့်တော့ ကားသမားတွေကို ကားအကြောင်း ခရီးသည်တွေ အကြောင်း.. အုံနာ တွေ အကြောင်း စတာလေးတွေ စပ်စုကြည့်တာပါပဲ..။
တချို့လည်း စိတ်လိုလက်ရ လေး ကျွန်တော့်ကို ပြန်ပြောတယ်..။ အာရုံက ကျွန်တော်နဲ့ စကားပြောတဲ့ ဖက်ရောက်သွားတဲ့ဒရိုင်ဘာ တွေဆိုရင်တော့ ကျွန်တော့် ရည်ရွယ်ချက် အောင်မြင် တယ် ပြောရမှာပဲ..။
ကားကိုလဲ.. သိပ် ကြမ်းကြမ်းရမ်းရမ်း မမောင်းဘဲ..ကျွန်တော်နဲ့ စကားစမြည် ပြောရင်း အေးအေးဆေးဆေး ပဲ မောင်းတော့တယ်..။
ဒါတောင်မှ.. ကိုယ်ဖော်တဲ့ ဆေး ကိုယ် မစားနိုင် ဖြစ်ခဲ့ ရသေးတယ်..။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment