မျိုးမျိုးကိုတော့ ပြောဖြစ်တယ်..။ ကွန်ဒုံးမသုံးဘဲ ဆက်ဆံတာမျိုးတော့ ရှောင်ပါ ညီမရယ် လို့..။ ကျွန်တော် အဲသလိုပြောတိုင်း သူမကတော့ အကိုသာ မဖြစ်မနေသုံးပါ .. ညီမကတော့ မထူးတော့ပါဘူး.. လို့ ပြန်ပြောလေ့ရှိတယ်..။
လောကမှာ သိသိကြီးနဲ့ ကိုယ်ဘာမှ မတတ်နိုင်တဲ့ အခြေအနေတွေ ရှိနေတတ်တယ်..။ မသိလို့လည်း မဟုတ်ဘူး..။ ဘာဖြစ်မယ်.. ဘာဖြစ်နိုင်တယ် ဆိုတာ သိတယ်..။ ဖြစ်သင့်တာက ဘယ်လိုဘာ ဆိုတာလည်း ကြိုမြင်နေတယ်..။ ဒါပေမယ့် ကိုယ်ဘာတတ်နိုင်လည်း ဆိုတော့ ဘာမှမတတ်နိုင် ဘူး..။
မျိုးမျိုးနဲ့ ပတ်သက်ပြီး အဲဒီလိုမျိုး မကြာခန ကျွန်တော်ခံစားရတယ်..။ သူ့ကို ဒီအလုပ်ကြီး ဆက်မလုပ်စေ ချင်ပေမယ့် ကိုယ့်ဖက်က ဘာမှ မကူညီနိုင်ခဲ့ဘူး..။ ဘ၀ကြင်ဖော်အဖြစ် ကောက်ယူပစ်လောက် အောင် အထိတော့လည်း သတ္တိက မရှိပြန်ဘူးလေ..။
ဒီကြားထဲ သံယောဇဉ်တွေက တဖြည်းဖြည်းနဲ့ ပိုပိုပြီး နက်ရှိုင်းလာတော့ ညတွေက သတ်ပုံမှားလာတော့ တယ်။ ကျွန်တော့်အတွက်နဲ့ သူ့မှာ ထိထိခိုက်ခိုက်လေးတွေ ဖြစ်လာတယ်..။ ဥပမာ ကျွန်တော်ရောက်လာ လို့ ဆိုပြီး အပေးအယူတည့်ပြီးသား ကာစတန်မာကို သူဖျက်လိုက်တာမျိုး တွေလုပ်လာတယ်..။
မူးရူးနေကြသူတွေဆိုတော့ တချို့လည်း အေးအေးချမ်းချမ်း ပြီးသွားပေမယ့် တချို့ကတော့ အော်ကြီးဟစ်ကျယ် ဆဲဆို ပွဲကြမ်းတာပေါ့..။ မျိုးမျိုးကတော့ အေးဆေးပဲ..။ မိတ်ပျက်ရုံမက ဘာကြီးဖြစ်နေဖြစ်နေ ကျွန်တော် ရှိနေရင် ရပြီ ဆိုတာမျိုး..။
ကျွန်တော့်မှာသာ လိုက်သွားလိုက်ပါ လို့လည်း မပြောရက်.. ကိုယ့်ရှေ့မှာ ရစရာမရှိအောင် အော်ဟစ်ဆဲဆို နေတာကိုလည်း ၀င်မတားနိုင်..အတော့်ကို ကသိကအောက် နိုင်ခဲ့တဲ့ ဇာတ်ညွှန်းတွေပေါ့..။
သူငယ်ချင်းများကတော့ ကပ္ပတိန် အဲဒီလောက်အထိ ကျွံနေရင် မကောင်းတော့ဘူး.. နှစ်ယောက်စလုံး ဒုက္ခရောက်ဖို့ပဲ ရှိတော့တယ်.. အဆက်အသွယ် ဖြတ်လိုက်တော့လို့ ၀ိုင်းပြောကြတယ်..။ နောက်ဆုံး မျိုးမျိုးရဲ့ ဖယ်ရီဒရိုင်ဘာကတောင် ကောင်လေး မဖြစ်သင့်ဘူး လို့ ပြောလာတဲ့ အထိပဲ..။ ဒရိုင်ဘာကလည်း ကြာတော့ ရင်းနှီးနေပြီ..။
ညတွေကလည်း နက်သထက်နက်လာခဲ့တယ်..။ မတွေ့ဖြစ်ရင် သတိရတယ် လွမ်းတယ် ဆိုတဲ့ အထိ ဇာတ်ရှိန်က မြင့်နေပြီ..။ မှတ်မှတ်ရရ သူငယ်ချင်းတွေနဲ့ မေမြို့သွားကြတယ်..။ သူငယ်ချင်းတွေက တော့ ပျော်လို့ ပြုံးလို့.. ကျွန်တော့်မှာ ကြက်ကြီးလည်လိမ်ထားသလို မျိုးမျိုးကို လွမ်းနေမိတယ်..။
ညရောက်တော့ မျိုးမျိုးရှိလောက်တဲ့ ဟိုတယ်ကို ဖုံးဆက်ဖို့ ဆုံးဖြတ်လိုက်တယ်..။ ဖြစ်ချင်ရာ ဖြစ်ပေတော့ ဆိုပြီး ဟိုတယ်ကို ဖုံးခေါ်လိုက်တယ်..။ မျိုးမျိုးဆီ တိုက်ရိုက်ခေါ်တာတော့ မဟုတ်ပါဘူး..။ ဒရိုင်ဘာအကိုကြီး ကို အရင်ခေါ်ရတယ်..။
ဒရိုင်ဘာအကိုကြီးက ဖုံးလာကိုင်ပြီး ကောင်လေး မျိုးမျိုး ဧည့်သည်နဲ့ အခန်းဝင်နေတယ်.. ပြောမနေပါနဲ့ လို့ တားတယ်..။ မရဘူး ဗျာ အဲဒီအခန်းကို လွှဲပေး လို့ ကျွန်တော် အတင်းအကျပ်ပြောတော့ ဒရိုင်ဘာအကိုကြီး က မင်းနဲ့တော့ ခက်ပြီ ဆိုပြီး ဖုံးလိုင်းလွှဲပေးတယ်..။
မျိုးမျိုး ဖုံးကိုင်တယ်..။ သိသိကြီးနဲ့ မျိုးမျိုး ဘာလုပ်နေလဲ လို့ စကားမရှိစကားရှာ မေးမိတယ်..။ ခမျာမလည်း ကျွန်တော့်ကို စကားမပြန်နိုင်ရှာဘူး..။ '' ခန နေပါအုံး .. ဘယ်လိုဖြစ်နေတာလဲ ဒီမှာ ဖုန်းလေး ပြောချင်လို့ပါ .. .. .. .. .. နောက်မှ.. နောက်မှ.. .. .. '' နဲ့ အခန်းထဲက သကောင့်သားကို တောင်းပန် နေရရှာတယ်..။
ဖြစ်ချင်ရာဖြစ်ပေတော့ စိတ်နဲ့ ဖုံးဆက်မိတဲ့ ကျွန်တော်.. ဖြစ်ချင်ရာဖြစ်နေတာတွေ ကြားနေရတော့ စိတ်က လွင့်ထွက်သွားခဲ့တော့တယ်..။ သိသာသိစေ မမြင်စေနဲ့ ဆိုတဲ့ ကန့်လန့်ကာကို ကျွန်တော်ပဲ.. အတင်း ချိုးဖျက်ခဲ့တယ်..။ တကယ် နဖူးတွေ့ ဒူးတွေ့လည်း ကြုံရရော အခြေအနေကို ရင်ဆိုင်ဖို့ ကျွန်တော် အဆင်သင့်မဖြစ်ခဲ့ဘူး..။
အဲဒီနေ့ညက ကျွန်တော် အရမ်းဝမ်းနည်းနေခဲ့.. တယ်။ မျိုးမျိုး က ကျွန်တော့်ထက်တောင် ပိုနေခဲ့မှာပါ။
မေမြို့ကအပြန် ရန်ကုန်ရောက်ရောက်ခြင်း သိုးမွှေးအင်္ကျီ အနွေးထည်လေး လက်ဆောင်ပေးတော့ ကလပ်ထဲမှာ မျိုးမျိုး ရှိုက်ကြီးတငင် ငိုတယ်..။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment