Thursday, October 16, 2008

31.1 ရွှေဘိုသူကြီး

မိသားစုအကြောင်း ခနထားပြီး သူငယ်ချင်းများအကြောင်း ပြောအုံးမှ..။ ဒီသူငယ်ချင်းတွေ အကြောင်းကလဲ မကုန် မကုန်နိုင်ဘူးလို့ တော့ မထင်ကြပါနဲ့..။ တကယ်လည်း မကုန်နိုင်ဘူး ဖြစ်နေတယ်ဗျာ..။

လွန်ခဲ့တဲ့ နှစ်လလောက် က အလုပ်ကိစ္စလေး တခုနဲ့ တရုတ်ပြည်သွားတယ်..။ တရုတ်ပြည်ကအပြန် ဘန်ကောက်လေဆိပ်မှာ.. လေယာဉ်က ပုံမှန်ထွက်ရမယ့်အချိန်မထွက်နိုင်ဘဲ.. ခရီးသည် တစ်ယောက် ကျန်နေလို့ တနာရီလောက် နောက်ကျပြီးမှ ထွက်တယ်..။

ကျွန်တော်နဲ့ အတူပါလာတဲ့ သူငယ်ချင်းက “ ဘယ်မအေပေး စောင့်နေရတယ် မသိဘူး ” လို့ မအောင့်နိုင် မအီးနိုင် ရေရွတ် တဲ့အချိန် အရပ်ရှည်ရှည် ထောင်ထောင်မောင်းမောင်း ဘဲတပွေ အိပ်ကြီးအိပ်ငယ် အသွယ်သွယ်နဲ့ လေယာဉ်ပေါ် တက်လာတယ်..။

အားလုံးက သူ့ကို ၀ိုင်းပြီး မေတ္တာပို့တဲ့ အကြည့်နဲ့ ကြိုဆိုကြတယ်..။ သူကတော့ အေးဆေးပဲ..။ သူနောက်ကျလို့ အားလုံးက စောင့်နေရတာကိုတောင် မသိတဲ့ အထာနဲ့ ကုလားမင်းသား စလိုးမိုးရှင်း လျှောက်သလိုမျိုး လျှောက်ဝင်လာတယ်..။

ကျွန်တော်လည်း ဒီကောင် ငါမြင်ဖူးပါတယ်လို့ တွေးနေတုံး.. သူကပဲ “ ဟ ဆီမီးခုံ ” လို့ ၀မ်းသာအားရ ထအော်တယ်..။ ကျွန်တော်လည်း “ ဟ သူကြီး .. သင်္ဘောကဆင်းလာတာလား ” လို့ ပြန်နှုတ်ဆက် မိတယ်..။

အခုနက ဘယ်မအေပေး စောင့်နေရတယ် မသိဘူး ဆိုတဲ့ သူငယ်ချင်းက.. “ အော် လက်စသတ်တော့ မင်းသူငယ်ချင်းကိုး ” လို့ ၀င်ပြီး မှတ်ချက်ချတယ်..။

နောက်မှ သိရတာက.. Boarding Pass ပျောက်သွားလို့ ကြာနေတာတဲ့..။ သူကြီး က ရွှေဘိုသား..။ လူတစ်ဖက်သားကို ချိုးချိုးနှိမ်နှိမ် ပြောရမယ်ဆို.. သူ့မီအောင် ပြောနိုင်တဲ့ သူ မရှိလောက်ဘူး..။ ဟာသ လည်း အတော်မြောက်တဲ့ ကောင် ပေါ့..။

2 comments:

တန်ခူး said...

သူငယ်ချင်းဟောင်းတွေ အဲဒီလို မမျှော်လင့်ပဲ ပြန်တွေ့ ရတာလဲ ပျော်စရာပဲနော်…
မနှစ်က ပြန်တုန်းက လေယာဉ်မထွက်ပဲ လုံခြုံရေးကြောင့်ဆို အကြာကြီးစောင့်နေရသေးတယ်… နောက်မှ သိရတာက လေယာဉ်ပေါ်နာမည်ချွတ်စွတ်တူတာ နှစ်ယောက်ပါလို့ တဲ့လေ….

May said...

သူကြီး က သင်္ဘောသီး ဖြစ်နေတာကိုး