Wednesday, October 1, 2008

29.8 ဂျီတီနဲ့ ကလေး ရဲ့ ဇာတ်လမ်း

ဂျီတီနဲ့ ကလေးတို့ရဲ့ သေးဇာတ်လမ်းက တမျိုး..။ သူတို့အခန်း နောက်ဖက်ဝရံတာ အောက်ထပ်မှာ သင်္ဘောပင် တပင် အလေ့ကျပေါက်နေတာ ရှိတယ်..။ သေးပေါက်ဖို့ သွားရမယ့် အိမ်သာကဝေးတော့ မသွားတော့ဘဲ.. ညရေးညတာဆိုရင် သူတို့နှစ်ယောက် အပေါ်ထပ်ကနေ သေးခိုးခိုးပေါက်ကြတယ်..။

သူတို့အောက်ထပ်မှာ နေတာက အငယ်တန်းက ကျောင်းသားလေးတွေ..။ အကြီးတွေ လုပ်ပြီး အဲသလိုမျိုး သေးပေါက်ချတာကိုလည်း အငယ်တွေ သိမှာစိုးတယ်..။ မလုပ်ဘဲလည်း မနေနိုင်..။ ဆိုတော့.. သေးပေါက်တဲ့ အသံမထွက်အောင် သင်္ဘောပင် ကို လှမ်းလှမ်းပန်းကြတယ်..။

ပင်စည်ကနေ တဆင့် အောက်ကို သေးက စီးသွားတော့ အသံမထွက်တော့ဘူး ပေါ့..။ အသံတိတ် သေးပေါက်နည်း လို့ ပြောရမယ်..။ သူတို့အဲသလောက် သေးနဲ့ ပန်းတဲ့ကြားက သင်္ဘောပင်က ထွားထွားလာတယ်..။

နောက်ဆုံး အသီးတွေ ဝေေ၀ဆာဆာ သီးလာတဲ့ အထိ ပဲ..။

အောက်ထပ်က ကလေးများက အဲဒီအပင်က သင်္ဘောသီးတွေကို ခူးပြီး သုတ်စားကြတယ်..။ တကယ့်ကို ဖွယ်ဖွယ်ရာရာ သုတ်ပြီး အပေါ်ထပ်က အကိုကြီးတွေနဲ့လဲ ဒီသင်္ဘောပင်က ဆိုင်တယ်လို့ တွေးပြီး ဂျီတီနဲ့ကလေးကို တစ်ပန်းကန် လာပေးတယ်..။

ကျွန်တော်တို့အခန်းနောက်က သင်္ဘောပင်က ခူးပြီး သုတ်ထားတာ..။ အဲဒါ အကိုတို့အတွက် တစ်ပန်းကန် သုံးဆောင်ပါ ပေါ့..။

ကလေးနဲ့ ဂျီတီခမျာ ငြင်းရခက် စားရခက်.. ကလေးများကို တားရခက် ကြီးကို ဖြစ်လို့..။

ဥက္ကာနဲ့ 2T ဗူး ဇာတ်လမ်း

ကျွန်တော်တို့ ကျောင်းသားဘ၀တုံးက ဆိုင်ကယ်ထဲကို ထည့်တဲ့ တူးတီဆိုတဲ့ booster ဗူးလေး တွေ ရှိတယ်..။ ကျွန်တော့်ဘေးအခန်းက ဒေါင်ဟောင်း ဆိုတဲ့ ကချင်မှာ ဆိုင်ကယ်ရှိတော့ အဲဒီ တူးတီ ဗူး လေးငါးခြောက်ဗူး ကျွန်တော်တို့ ၀ရံတာမှာ အမြဲရှိနေတတ်တယ်..။

အမ်အိုင်တီ အဆောင်တွေက နှစ်ခန်းပေါင်းမှ ၀ရံတာ တစ်ခုပဲ ရှိတယ်..။ တစ်ရက် ဥက္ကာဆွေ ဆိုတဲ့ ဖယ်ခုံက ကောင် ကျွန်တော့်အခန်း လာလည်တယ်..။ ကျွန်တော်နဲ့သူနဲ့ စကားပြောနေရင်း '' ခုံခုံ ငါသေးပေါက်ချင်လို့ ကျွတ်ကျွတ်အိပ်မရှိဘူးလား '' လို့ သူမေးတယ်..။

ကျွတ်ကျွတ်အိပ်တော့ မရှိဘူး..။ တအား ပေါက်ချင်နေရင်တော့ ၀ရံတာမှာ ဒေါင်ဟောင်းဆိုင်ကယ်ထဲ ထည့်တဲ့ တူးတီဗူးအခွံတွေရှိတယ်..။ အဲဒီထဲသာ ပေါက်လိုက် လို့ ကျွန်တော်ပြောတော့ အိုကေ ဆိုပြီး သူဝရံတာ ထွက်သွားတယ်..။

စပေါက်ခါစမှာတော့ ပြသာနာ မရှိဘူး..။ ဒါပေမယ့် သေးကအတော်အောင့်ထားရဟန် တူပါရဲ့..။ ပေါက်ရင်းတန်းလန်း တူတီးဗူးက တဖြေးဖြေးပြည့်လာတယ်..။ လက်ကျန်သေးနဲ့ လွတ်နေတဲ့ တူးတီဗူးရဲ့ ဧရိယာကို မှန်းပြီး ချိန်ဆကြည့်တော့ သေးကြောက အတော်ရှည်ရှည်ကျန်နေသေးတာ သွားတွေ့ရတယ်..။

သေးဆိုတဲ့ အမျိုးကလည်း အောင့်ချင်ရင်သာ အတင်းမရမက ချုပ်တည်း အောင့်ထားလို့ ရတာ..။ လွှတ်လိုက်ပြီဆို တ၀က်တပျက်နဲ့ ဘယ်လိုမှ Pause လုပ်လို့ မရတော့ဘူး (မယုံစမ်းကြည့်ကြပါ )

အဲဒီမှာ ဥက္ကာ ပြာတောက်ပြီး '' ခုံခုံ ရေ..လုပ်ပါအုံးဟ .. ဒီမှာ ဒုက်ခ ရောက်နေပြီဟ '' နဲ့ ပုရွက်ဆိတ်အုံတက်နင်းမိတဲ့ မျောက်လိုမျိုး ခုန်ဆွခုန်ဆွဖြစ်နေတယ်..။

မအေပေး အစကတည်းက ချိန်ချိန်ဆဆ ပေါက်ပါ့လား.. ငါက ဘာလုပ်ပေးလို့ ရမှာလဲ လို့ပြောပြီး ကျွန်တော်လည်း ထိုင်ရယ်နေလိုက်တော့တယ်..။ ကြည့်ရင်းကြည့်ရင်း လှုပ်ပြီး ဖောက်လိုက်တဲ့ ကိုကာကိုလာ ပုလင်းလိုမျိုး တူးတီဗူးက လျှံတက်လာတော့တယ်..။

ဥက္ကာ ကတော့ မျောက်ခုန်ခုန်ရင်း ပုဆိုးတွေရော လက်တွေရော အကုန်ရွှဲကုန်တော့တယ်..။

No comments: