Wednesday, October 1, 2008

29.7 MIT မှ ရှုးရှုးဇာတ်လမ်းများ

ကျွန်တော်တို့ အမ်အိုင်တီ ကျောင်းမှာ ကျောင်းသားတွေ အဆောင်အပေါ်က နေ သေးပေါက်ချ တာ ခေတ်စားတယ်..။

အိမ်သာတွေက အဆောင်တွေရဲ့ ဟိုဖက်ထိပ် ဒီဖက်ထိပ် အစွန်နှစ်ဖက်မှာ ရှိတာမို့ အဆောင်အလယ် လောက်က အခန်းနေ ကျောင်းသားတွေ အိမ်သာသွားချင်ရင် အတော်ဝေးတယ်..။

များသောအားဖြင့်တော့ လူလစ်ရင်လစ်သလို အပေါ်ထပ်ကနေ ပန်းလိုက်ကြတာပဲ..။

တချို့လည်း ကျွတ်ကျွတ်အိပ် ပေါင်ထုတ် တထုတ်လောက် ၀ယ်ထားပြီး အဲဒီကျွတ်ကျွတ်အိတ်ထဲ ပေါက်ပြီး အောက် လှမ်းလှမ်းပစ်တယ်..။

ပြောခဲ့သလို လဂွန်းနဲ့ ကျော်ထိုက်နဲ့က အမ်အိုင်တီမှာ တခန်းထဲ အတူနေတွေ..။ သူတို့အပေါ်ထပ်မှာ
မုံရွာသား စောမြင့်ထွန်း(နာမည်မှားနိုင်) နေတယ်..။

တရက်.. လဂွန်း က သူ့မွေ့ယာကြီး ၀ရံတာလက်ရမ်းမှာ ထုတ်လှမ်းထားတယ်..။ အပေါ်ထပ်က ကောင်က အောက်မကြည့်ဘဲ သေးကော့ပန်းတယ်..။ လဂွန်းက မိုးရွာတယ် ထင်ပြီး အပြေးအလွှား သူ့မွေ့ယာ ပြေးရုတ်တယ်..။

နောက်မှ အပေါ်ထပ်ကကောင် သေးပေါက်မှန်း သိတော့..ဒေါသတကြီးနဲ့ အပေါ်ထပ်တက် သွားတာပေါ့။

ဒါပေမယ့် အပေါ်က ကောင်က အခြေအနေမဟန်မှန်းသိတာနဲ့ လဂွန်းမရောက်ခင် တံခါးသော့ပိတ်ပြီး ပြေးပြီ..။

အဲသလိုမျိုး ရှုးရှုးဇာတ်လမ်းတွေ ကျွန်တော်တို့ အမ်အိုင်တီမှာ တစ်ယောက်တစ်မျိုး မရိုးရအောင် ရှိတယ်..။ တချို့ဆို ပြန်တွေးမိတိုင်း မရယ်ဘဲ မနေနိုင်အောင် ဖြစ်ရပါတယ်..။

No comments: