Thursday, October 9, 2008

30.9 ထိပ်ပြောင်အုံးဖေရဲ့ တူ

ကသည်း ကြောင်းဆက်စပ်မိတာနဲ့ ပြောရအုံးမယ်..။ အဖေ့ညီ အငယ်ဆုံးရဲ့ အမျိုးသမီးက တောင်ကြီးသူ.။ နိုင်ငံတော် သမ္မတကြီး စပ်ရွှေသိုက်ရဲ့ အမျိုး..။ ဘထွေးနဲ့ အိုင်အာတီမှာ တွေ့ဆုံပြီး ပေါင်းဖက်လိုက်ကြတာ..။ သူတို့မင်္ဂလာဆောင် အဖေမရောက်ဖြစ်ပေမယ့် .. အိမ်ထောင်ကျပြီး နောက်တော့ သူတို့အိမ်ကို အဖေ မကြာခန ရောက်တယ်..။

တရက် ဟိုရောက်ဒီရောက် ပြောကြရာကနေ သူ့ညီမိန်းမက စော်ဘွားမျိုးရိုး လို့ အဖေ သိတော့ .. ငါတို့လဲ စော်ဘွားမျိုး ပါ အေ လို့ အဖေ ပြောတယ်..။ ငါတို့ က ကသည်း စော်ဘွား စန္ဒရကနရှိန် ရဲ့ အဆက်တွေ.. ကံရာဇာကြီး ကံရာဇာငယ်ဆိုတာလည်း တို့ရဲ့ ဘိုးဘေး တွေ ပေါ့ လို့ အဖေက မှင်သေသေ နဲ့ ပြောတော့ ဘထွေး မိန်းမက အဟုတ်ထင်နေတယ်..။

နောက်များမှ.. အဖေ နောက်မှန်းသိတယ်..။

တိုက်တိုက်ဆိုင်ဆိုင် အဖေ့အမရဲ့ သားကလည်း မင်းမျိုးမင်းနွယ်နဲ့ ညားပြန်တယ်..။ အမျိုးသမီးက ထိပ်တင်မျိုးရိုး..။ သူတို့ နာမည်တွေရဲ့ ရှေ့မှာ ထိပ်တင် ဆိုတာနဲ့ စတယ်..။ အဖေ့အမရဲ့ သားဆိုတော့ အဖေ့တူပေါ့..။

အဲဒါကို အဖေ့အမက အဖေ့ကို လာပြောတယ်..။ အုံးဖေ.. မင်းတူနဲ့ ညားတာက ထိပ်တင်သန်းထွေး တဲ့..။ မင်းမျိုးမင်းနွယ်တွေ.. လို့ လာပြောတော့ အဖေက.. အမယ်.. ငါ့တူကလည်း ထိပ်ပြောင်အုံးဖေရဲ့ တူပဲ.. ထိပ်တင်နဲ့ ထိပ်ပြောင်ဆိုတာ.. မျိုးရိုးဂုဏ် ရည် တူတယ်.. လို့ ပြန်ပြောတယ်..။

အဖေက ကျွန်တော်တို့ လူမှန်းသိကတည်းက ထိပ်ပြောင်နေပြီ..။

No comments: