Thursday, October 9, 2008

30.1 အဖေ့ရဲ. ကာတွန်းစာ


ကဲ.. အမှတ်တရ တက်ကသိုလ်နေ့ရက်များ အကြောင်းရေးတာ နည်းနည်းများသွားပြီ.. စုံသလောက်လည်း ရှိပြီ.. လောလောဆယ်.. မွေးသဖခင် နဲ့ မွေးသမိခင်၊ မိဘနှစ်ပါး အကြောင်း မိသားစုအကြောင်းလေးတွေ မျှဝေပါ့မယ်..။

ဘလော့ဂ်ကြွလာ ဆွေသဟာများ ပျော်ပြုံး ရင်း ဘ၀အမောတွေ ပြေနိုင်ကြပါစေ..။

အဖေ့ရွာ

စာရေးဆရာမောင်သာရ ရဲ. ၀တ္ထုတစ်ပုဒ်ရှိတယ်..။ မန်းတလေး တက္ကသိုလ် ကျောင်းသား တွေ လေ့လာရေးဆင်းတဲ့ အကြောင်းလေး ရေးထားတဲ့ “ ၀က်လူးကျေးရွာ သွား တောလား “ ဆိုတဲ့
ဝတ္ထု

အဖေက အဲဒီ ၀က်လူးကျေးရွာအုပ်စု ဆူးဖြူးကုန်း(ဆိတ်ဖြူကုန်း) ရွာသား..။ တချို့ က မြင်းခြံခရိုင် နွားထိုးကြီးမြို့ ၀က်လူးကျေးရွာအုပ်စု ဆိတ်ဖြူကုန်းရွာ ဆိုပြီး အပြောင်အပျက်တောင် ပြော ကြတယ်..။

အားလုံးက တိရိစ္ဆာန် နာမည်တွေချည်း ဖြစ်နေတာကိုး..။

အဖေ့ အမေက ကသည်းသွေး ၅၀ ပါတော့ အဖေက ကသည်းသွေး ၂၅ ပါတယ်..။ ညီအကို မောင်နှမ တဆယ့်သုံးယောက် ထဲမှာ အဖေက နံပါတ်လေး..။

အဖေ့ကို သူ့အဘိုး (သူ့အမေရ.ဲအဖေ) က သိပ်ချစ်တယ်..။ သိပ်လည်း အလိုလိုက်တယ်..။ အလိုလိုက်ခံရလွန်းလို့ အဖေကလည်း ဆိုးတယ်..။ ကျန်ညီအကိုမောင်နှမများက အဖေ့ နာမည်ရင်း အုံးဖေ အစား ကုံးဖေ လို့ ခေါ်ကြတယ်..။

အဖေက တအား ကုံးတိုက်လို့တဲ့..။

အမေကတော့ ပခုက္ကူ ဦးအုံးဖေ နဲ့ မရဘဲ ဆီမီးခုံဦးအုံးဖေ နဲ့ ညားတာ ငါးပါးမှောက်တာပဲ လို့ အဖေ့ကို မကြာခန စလေ့ ရှိတယ်..။

အဖေက စကားပြော ကောင်းတယ်..။ အောက်ကလိအာ လည်း သိပ်ပြောတတ်တယ်..။ သားသမီး တွေနဲ့ သူငယ်ချင်းပေါင်း ပေါင်းတယ်..။

ဒီရက်ပိုင်း စာအုပ်ပုံအဟောင်း ပြန်မွှေရင်း ကျွန်တော် ရှေ့နားမှာ ရေးခဲ့တဲ့ အဖေ့စာ လေး ပြန်တွေ့လို့ အဲဒါလေး စကင် ဆွဲပြီးတင်ပေးလိုက်ပါတယ်..။ ‘အချိန်တန်ရင်” ဆိုတဲ့ စာ မဟုတ်ပါဘူး..။ အလုပ် က ရခါစ၊ မိဘများကို မထောက်ပံ့နိုင် ဖြစ်နေတဲ့အချိန်.. မဂ္ဂဇင်း တအုပ်ထဲက အဖေဖြတ်ပြီး ကျွန်တော့်ဆီ ပါးလိုက်တဲ့ ကာတွန်းလေး တပုဒ်ပါ..။

ဘလော့ဂ်ဂါ တွေလို ပြောချင်တာကို ပုံနဲ့ ပြောတာ အဖေက အစောကြီးကတည်းက တတ်နေတာ.. ဟားဟား..

7 comments:

s0wha1 said...

ကာတွန်းလေးကို သိမ်းသွားတယ်။

မောင်ကြီး said...

ဆရာသော်တာဆွေကို သတိရပါ့။ ဆရာနဗနကတော့ ပိုပွင့်လင်းပါတယ်။ ရေးပြီးသမျှအားလုံးကို စုပြီး စာအုပ်ထုတ်ပါဗျို့  ။ သေချာနေတာ တခုကတော့ ရန်ကုန်က ဗွီဒီယို ဒါရိုက်တာတွေက ခင်ဗျားရဲ့ ဇာတ်ကွက်တွေကို အလုအယက် ခိုးချကြတော့မယ် ဆိုတာပဲ။ ဇာတ်လမ်းတင် မကဘဲ ရီရတဲ့ ဇာတ်ကွက်တွေကိုပါ မှတ်ပုံတင်ထားနိုင်ရင် ကောင်းပါ့ဗျာ။ ဘယ်လိုလုပ်ရမလဲတော့ ကျနော်လဲ မသိဘူး။ :)

Myo Kyaw Htun said...

ဟုတ်ပါတယ် အစ်ကို။ ကိုမောင်ကြီး ပြောသလိုပဲ။ ဖြစ်နိုင်ရင် စာအုပ်ထုတ်စေချင်တယ်။

:P said...

ကာတွန်းထဲကအတိုင်း
အဲလိုဖြစ်နေပါပြီ အစ်ကိုတော်ရယ်

Han Thit Nyeim said...

ဒီအဖေကြောင့်ပဲ ဒီသားလေးဖြစ်တည်လာတယ်ထင်ပါ့။ တယ်တော်တဲ့ အဖေပဲ။

တန်ခူး said...

အဖေသွေးပါတယ်ထင်တယ်… အဖေကလဲ ပြောချင်တာကို ထိထိမိမိလေး နားထဲဝင်သွားအောင် လုပ်တတ်ပါပေတယ်….

ဂျူနို said...

ဟုတ်တယ် ရုပ်ရှင်ရိုက်ပါ။
စိတ်ထဲ ကျော်ရဲအောင်ကို မြင်မိပါတယ်။
မိန်းမက ပိန်ပိန်သေးသေးဆိုတော့ ခိုင်သင်းကြည်ပေါ့။
လုပ်ပါ။
သဘောတူတယ်။ ရုပ်ရှင်ကြီးသာ ရိုက်ပါ။
အမေက ချိုပြုံး
အကိုကြီးက အောင်ခိုင်

မိုက်တယ်။