စကားစပ်လာလို့ ၁၉၉၇ ခုနှစ်လောက်က ကျွန်တော် ဘန်ကောက်မှာ ကြုံခဲ့တာလေး ပြောရဦးမယ်..။
၁၉၉၆ မှာ ကျောင်းပြီးတယ်..။ ၁၉၉၇ ဧပြီလမှာ လက်ရှိအလုပ်ထဲ ၀င်တယ်..။ ဈေးကွက်စီးပွားရေး စနစ်အရ မြန်မာနိုင်ငံမှာ ပုဂ္ဂလိက စက်ရုံ အလုပ်ရုံတွေ အပြိုင်းအရိုင်း ပေါ်ပေါက်နေတဲ့ အချိန်ကပေါ့..။
အလုပ်ဝင်ဝင်ခြင်း ဘန်ကောက်ကို ထရိန်နင် သွားရတယ်..။ ဘန်ကောက်ဆိုပေမယ့် မြို့ပေါ်တော့ မဟုတ်ပါဘူး..။ ဘန်းပူး လို့ခေါ်တဲ့ စက်မှုဇုံတစ်ခုက စက်ရုံတစ်ရုံမှာ ထရိန်နင် ပေးတာပဲ..။
သင်တန်းကာလက တစ်လတောင်ကြာတာဆိုတော့ အဲဒီစက်ရုံက ထိုင်း တွေနဲ့ အတော့်ကို ရင်းနှီးသွားတယ်..။ ဒါပေမယ့် စက်ရုံမှုးကစလို့ အင်္ဂလိပ်လို ကောင်းကောင်းမပြောတတ်ကြဘူး..။ ဘရုတ်ကင်းအင်္ဂလိပ် နဲ့ ခြေဟန်လက်ဟန်ပြ ပြီး ပြောကြရတယ်..။
တစ်ရက် .. စက်ရုံမှုးလုပ်တဲ့ထိုင်းက ကျွန်တော့်ကို သူ့အိမ်ခေါ်လည်တယ်
သူ့အိမ်က ဘန်ကောက်ဆင်ခြေဖုံး ရပ်ကွက်တစ်ခုမှာပဲ။
အိမ်ရောက်တော့ သူ့မိန်းမနဲ့ ကျွန်တော့်ကို အခုလို မိတ်ဆက်ပေးတယ်..။
This is your wife … တဲ့...။
ကျွန်တော့်မှာ ရယ်ရခက် တည်ရခက်ကြီးပေါ့..။ အဲဒီပုဂ္ဂိုလ်ကို ကြည့်တော့လဲ အတည်ပြောနေတာဆိုတော့... ကျွန်တော်လဲ မျက်နှာပိုးသပ်ပြီး .. Nice to meet you... လုပ်လိုက်ရတယ်..။
Thursday, July 10, 2008
Subscribe to:
Post Comments (Atom)
2 comments:
ဟားဟားဟားဟား... အပိုင်ပဲဗျို့... သူလည်း သူ့မိန်းမကို စိတ်ကုန်နေတယ် ထင်ပါရဲ့... :D
ဟဟဟဟ..နေရင်းထိုင်ရင်းသူမိန်းမတော့
သူများ မယားဖြစ်တော့မှာဘဲ
Post a Comment