ဟိုးအရင်တုန်းက Bagannet forum မှာ ရေးသားခဲ့ပြီး နောက်ပိုင်းမှာ Nativemyanmar.net မှာရေးသားခဲ့တဲ့ ကျွန်တော့်ရဲ့Myself ဆိုတဲ့ ခေါင်းစဉ်အောက်က စာအတိုအစလေးတွေကို Blogတစ်ခုလုပ်ထားဖို့ မိတ်ဆွေများက တိုက်တွန်းရင်း ဒီဘလော့လေး ဖြစ်လာပါတယ်။
Thursday, January 3, 2008
Subscribe to:
Post Comments (Atom)
3 comments:
ကော်ပီရိုက်လေးတွေ လုပ်ထားသင့်ပါတယ် ခင်ဗျာ။ ကိုနဗန စာတွေက ကောင်းလွန်းလို့ ကောက်စား ဖောက်စားတွေ လက်ထဲ ရောက်ပြီး တလွဲအသုံးခံရမှာကို မမြင်ချင်လို့ပါ။
ရဲဘော် ဆက်လုပ်...
ဖောင်း ဖောင်း ဖောင်း.... ဟားဟား
ဟုတ်တယ်ဗျို့...ကောင်းလွန်းလို့..
အော်ရီရလွန်းလို့မျက်ရည်တွေကျ..
ကိုယ်ဖတ်နေတာကိုတောင်အားမရ..အနားရှိသမျှသူငယ်ချင်း
အမျိုးတွေကိုပတ်ပြော...
ရှိသမျှ အကုန်ဖတ် ပစ်တာ weekend နှစ်ရက်လုံး လုံးပါးပါးတာပဲ..
စာမေးပွဲကျလို့ကတော့ ကိုနဗန ပဲ...
ကိုနဗနရေ
မရေးဘဲမနေနိုင်လို့ ရေးပါရစေ။ ဒီဘလော့ကို ဖတ်ကြည့်ဖို့ မောင်ငယ်တယောက်က ညွှန်းပါတယ်။ အေးအေးဆေးဆေး ဖတ်ကြည့်နေတုန်း တိုက်တိုက် ဆိုင်ဆိုင် ဘလော့လောကနဲ့ မသက်ဆိုင်တဲ့ မောင် ၂ ယောက်က ဘာမှမဆိုင်တဲ့ ၂ နိုင်ငံကနေ တခြား တနိုင်ငံမှာ ရောက်နေတဲ့ ကျမကို တရက်ထဲမှာ လှမ်းပြောကြတယ်။ မတူး နဗန ဘလော့ ဖတ်ကြည့်ပါတဲ့။ ကြိုက်လွန်းလို့ပါတဲ့။ အဲ့မှာ ကျမက ငါဖတ်နေပြီ ဆရာမလုပ်နဲ့လို့ ခပ်တည်တည်နဲ့ ဟောက်လိုက်ပေမယ့် တော်တော့်ကို အံ့သြသွားရ ပါတယ်။ ဒီ ၂ ကောင်က စာဖတ်အား အရမ်း ကောင်းတဲ့ ကောင်တွေကိုး။ စာလုံးဝ မရေးပေမယ့် စာအရမ်းဖတ်တဲ့ ကောင်တွေပါ။ ကျမကလည်း စာကောင်းကောင်းများ ဖတ်ရရင် အရူးအမူး ဆိုတော့ ခုလို ဖတ်ကောင်းတဲ့ စာတွေ ရေးတဲ့ ကိုနဗနကို ကျေးဇူးအရမ်းတင်ပါတယ်။ စာအုပ်ကလေးအဖြစ် ရှိစေချင်ပါတယ်။ (ပြည်တွင်းမှာ ထုတ်ရင်တော့ ဟိုလှီးဒီဖြတ်နဲ့ အရသာပျက်လိမ့်မယ်)။ ရသ ပေါင်းစုံနေအောင်ပေးထားတဲ့ ကိုနဗနရဲ့ စာတွေအတွက် ကွန်မန့် သီးသန့် ပေးစရာမရှိပါဘူး။ ဝေဖန်နိုင်အားမရှိပါ။ ကောင်းလိုက်တာ ဆိုတာလောက်ပဲ ပြောပါရစေ။ ပို့စ်တခုစီအတွက် မရေးတော့ဘူးနော်။ အားလုံးကိုခြုံပြီး ဂုဏ်ပြုပါတယ်။ မောင် ၂ ကောင်ထဲက တကောင်က ကျမကို ဆူလိုက်သေးတယ် စာရေးပျင်းတယ်တဲ့ (ကို နဗနရဲ့ စာတွေဖတ်ပြီးဆူတာ) ကျမဖြင့် မနာလိုလိုက်တာ။
Post a Comment