ပြည်မကြီးက ရုပ်မြင်သံကြား ဓလေ့ အကြောင်း မပြောခင် သူတို့ စားသောက်ဆိုင်တွေက ပန်းကန်ခွက်ယောက်တွေ အကြောင်း နည်းနည်းပြောချင်သေးတယ်..။ တရုတ်ပြည်မကြီးမှာ တခြား အာရှနိုင်ငံတွေနဲ့ မတူတဲ့ စားသောက် ဆိုင် ဓလေ့ တချို့ရှိတယ်..။ ဘယ်နိုင်ငံမှာမဆို ထုံးစံက customer ကို ဆိုင်မှာ ရှိတဲ့ ပန်းကန်ခွက်ယောက်တွေနဲ့ပဲ ဧည့်ခံလေ့ ရှိတာ တွေ့ရတယ်..။ customer ပြန်သွားရင် အဲဒီ ပန်းကန်ခွက်ယောက်တွေကို ပြန်ဆေးပြီး နောက် customer အတွက် ပြန်သုံး ကြတာပဲ..။
ပြည်မကြီးမှာကတော့ (ရွှေလီကအစ) ပန်းကန်ခွက်ယောက်ကို ဆိုင်မှာ ပြန်ဆေးပြန်သုံးတာမျိုး လုပ်ဟန်မရှိဘူး..။ လူတစ်ယောက်စာ ပန်းကန်ပြားလေး တစ်ချပ်၊ ဟင်းချိုပန်းကန်လုံးလေးတစ်လုံး၊ ရေနွေကြမ်းသောက်ဖို့ ရေနွေးပန်းကန်တစ်လုံး၊ ရေ ဘီယာ အစရှိတာ သောက်ဖို့ ဖန်ခွက်အလတ်က အစ.. အားလုံးကို အရံသင့်ထုတ်ပိုးထားတဲ့ ပုံစံနဲ့ လာချလေ့ ရှိတယ်..။ တစ်ခါသုံး ဆန်ဆန်ပဲ..။ ကြည့်ရတာ အဲဒီ service ကို သီးသန့်လုပ်ပေးတဲ့ ကုမ္ပဏီ ဆိုတာမျိုး ရှိမယ်ထင်တယ်..။
Main Dishes တွေ အတွက် ပန်းကန်ကြီးတွေကတော့ ဆိုင်က ပန်းကန်ပဲ သုံးကြတယ်..။ လူတစ်ချင်းစီ စားတာသောက်တာအတွက် လိုအပ်တဲ့ ပန်းကန်တွေကတော့ ပလတ်စတစ်နဲ့ ထုတ်ပိုးပြီးသား တွေပဲ လာချတာ များ ပါတယ်..။ (ဒါမှ မဟုတ် ဆိုင်တိုင်း ဆိုင်တိုင်း နောက်ဖေးမှာ ပန်းကန်ကိုစက်နဲ့ဆေး၊ စက်နဲ့ပဲ အခြောက်ခံ၊ ပလတ်စတစ်ဖုံး လုပ်သလားတော့ မပြောတတ်ဘူး ) ..။ ဒါပေမယ့် ထုတ်ပိုးထားတဲ့ အမှတ်တံဆိပ်တွေက စားသောက်ဆိုင် နာမည်နဲ့ မတူနေကြပုံထောက်ရင်တော့.. သီးသန့် service ပေးတာ ဖြစ်ဖို့ များပါတယ်..။
ကမ္ဘာ့လူဦးရေ အများဆုံးတိုင်းပြည် ဆိုတော့လည်း စားသောက်ဆိုင်တွေမှာ လူတွေက ပြည့်ညှပ်ကျပ်လို့ ပဲ..။ စီးပွားရေး အချက်အချာကျတဲ့ မြို့တွေမို့လို့ လဲ စည်နေတာ ဖြစ်မယ်ထင်ပါတယ်..။ စည်ချက်ကတော့ ရွာမှာ မီးခိုတိတ် ဗျို့ဟစ်တဲ့ အလှူလိုမျိုး စည်နေတာ..။ ၀င်လာသူ၊ ထွက်သွားသူ နဲ့ နေရာရဖို့ ရပ်စောင့်နေသူ တွေနဲ့ ရှုပ်ယှက်ကို ခတ်လို့..။ သီးသန့်ခန်းရှိတဲ့ စားသောက်ဆိုင်လိုမျိုး ဆိုရင် အသံဗလံ သိပ်မထွက်ပေမယ့်.. food court လိုမျိုး ဆိုင်တွေ ကတော့ လူတွေ ရုန်းရုန်း ရုန်းရုန်းနဲ့ ဆူညံပွက်နေတော့တာပဲ..။
နောက် ရှိသေးတယ်..။ အဲဒီ food court လိုဟာမျိုးမှာ အပေါ့အပါးသွားချင်ရင်.. သေချင်စော်နံဖို့သာ ပြင်ထားပေတော့..။ ပြည်မကြီးက အိမ်သာတွေက များသောအားဖြင့် တခြားနိုင်ငံတွေမှာလို လုံလုံခြုံခြုံ အကာ အရံ နဲ့ မဟုတ်ဘူး..။ အပေါ့စွန့်တာနဲ့ အလေးစွန့်တာ တစ်ယောက်နဲ့ တစ်ယောက် မြင်နေရတယ်..။ မြင်နေရတယ်ဆိုတာ.. ခေါင်းလောက် ခြေထောက်လောက် ကွက်ကွက်ကလေး မြင်ရတာ မဟုတ်ဘူး..။ အလေးစွန့်တဲ့သူက ကိုယ်နဲ့ တခန်းထဲ ပေါ်တင်ကြီးကို ဆောင့်ကြောင့် ထိုင်နေတာ..။
သူတို့လူမျိုးကတော့ အလေ့အထ တစ်ခုလိုမျိုး ဖြစ်နေပေမယ့် ကျွန်တော်တို့ ခမျာတော့ သေးတောင် ဖြောင့်ဖြောင့် မပေါက်နိုင် ဖြစ်ရပါတယ်..။ ကိုယ့်ကိစ္စပြီးလို့ အပြင်ပြန်ထွက်တာကအစ သူတို့ဖက် ယောင်လို့တောင် မကြည့်မိအောင် သတိထားနေရပါတယ်..။ တော်ကြာ.. “ ဒါ ကြည့်တာလား ” လို့ အမူအရာနဲ့ ထကောနေရင် ဒုက္ခ..။
အဲဒီအလေ့အထက ဆိုင်တွေ တင်လားဆိုပြန်တော့ မဟုတ်ပြန်ဘူး..။ ကျွန်တော်တို့ သွားခဲ့တဲ့ စက်ရုံတချို့မှာလည်း ထိုနည်းလည်းကောင်းပဲ..။ စက်ရုံ တရုံဆိုရင် အလုပ်သမား သုံးရာလောက် ရှိတာတောင်.. အိမ်သာ တစ်လုံးမရှိဘူး..။ စက်ရုံနဲ့ မလှမ်းမကမ်းမှာ ရှိတဲ့ public toilet မှာသွားပြီး ကိစ္စရှင်းကြတာပဲ..။ အဲဒီ public toilet ဆိုတာကလည်း သူတို့ထုံးစံအတိုင်း ဘာအကာအရံမှ မရှိဘူး..။
ကုန်ကုန်ပြောရရင် အိမ်သာကျင်းလိုဟာ တောင် မရှိဘူး..။ အထဲမှာ လမ်းဘေးရေနုတ်မြောင်းလို မြောင်းတစ်မြောင်း ရှိတယ်..။ အဲဒီမြောင်းနှုတ်ခမ်းမှာ ကိစ္စရှင်းမယ့်သူတွေ တန်းစီဆောင့်ကြောင့် ထိုင်ကြပဲ..။
ရုပ်မြင်သံကြား အိမ်သာ ပေါ့..။ တစ်ယောက်နဲ့ တစ်ယောက် ရုပ်တွေလည်း မြင်နေရတယ်..။ အသံတွေလည်း ကြားနေရတယ်..။
Subscribe to:
Post Comments (Atom)
8 comments:
ရုပ်မြင်သံကြားရုံတင် မဟုတ်ဘူး အနံ့ပါ ရမှာပေါ့။ အာရုံ၃ပါး။ ရုပ်မြင် နံ့ရှု သံကြား။ ကောင်းလေစွ ကောင်းလေစွ။ စကားမစပ် ကိစ္စပြီးလို့ သန့်ရှင်းရေးကြ ဘယ်လိုလုပ်ကြသတုံး။ မြောင်းထဲမှာ အပုံလိုက်တွေပဲလားဗျ။
အကိုနဲ့ကျမှ ရုပ်မြင်သံကြား အိမ်သာလို့ ကြားဖူးတော့တယ်။ ဆိုးတယ် :D
တွေးလဲ တွေးတတ် ရေးလဲ ရေးတတ်ပါပေ့
Htoo san par bae', Ka Tut Pi (er) Ko Na Va Na yel. :)
အယ် အဲလိုကြီးလား။
မလွယ်ပါလား။
ကျွန်တော်ဆို ...ဘာမှကိုထွက်မှာမဟုတ်တော့ဘူး..
အဲဒါကို ဂျီးအများဆုံးဘဲ
အိမ်သာကိစ္စကတော့ နည်းနည်းဆိုးတယ်ထင်တယ်ဗျာ
Post a Comment