ကျွန်တော်တို့ ဦးတည်ပြီး သွားမယ့်မြို့က တရုတ်ပြည် Zhejian Province က Wenzhou ဆိုတဲ့မြို့ပဲ..။ မြန်မာပြည်ကဆိုရင် အရှေ့မြောက် လောက်မှာ ရှိမယ်ထင်တယ်..။ ကမ္ဘာကျော် Shanghai မြို့နဲ့ သိပ်မဝေးလှဘူး..။ ခရီးစဉ်က ရန်ကုန်ကနေ.. Gaungzhou (ကွမ်ကျိုး) အဲဒီကမှ တဆင့် Wenzhou လေယာဉ်စီးသွားရမှာပဲ..။ ဒါပေမယ့်.. အတူလိုက်မယ့် မန္တလေးက သူငယ်ချင်းက .. ရန်ကုန်က မသွားဘဲ.. မန္တလေး ကူမင်း (Kumming) က သွားရအောင်ပါ ဆိုတာနဲ့ ကျွန်တော်တို့မှာ သူ့အလိုလိုက်ပြီး မန္တလေးကနေ သွားလိုက်ရတယ်..။
သူ့အလိုကလည်း မလိုက်လို့ မရဘူး..။ တရုတ်စာ မတတ်ဘဲ တရုတ်ပြည်သွားရင် ရေတောင်သောက်ဖို့ မလွယ်ဘူး လို့ ကြားဖူးထားတော့ .. တရုတ်စာတတ်တဲ့ အဲဒီသကောင့်သား ပါကို ပါမှ ဖြစ်မှာကိုး..။ နောက်ပြီး သူက တရုတ်ပြည်မကြီးကို တစ်လတစ်ခေါက်လောက် သွားနေတာဆိုတော့ .. ကျွန်တော်တို့ ခရီးစဉ်က သူ့အကူအညီ မပါရင် မဖြစ်ပြန်ဘူး..။
မန္တလေး ကူမင်းကိုတော့ .. China Eastern Air Line ဆိုတာနဲ့ ချီတက်ကြရတယ်..။ လေယာဉ်က ခပ်သေးသေး ပါပဲ..။
လေယာဉ်ပေါ် စတက်ကတည်းက.. တရုတ်လေယာဉ်မယ်တွေနဲ့ တခြားကြုံဖူးတဲ့ လေယာဉ်မယ်တွေ မတူတာ သတိထားမိတယ်..။ ထိုင်းလေယာဉ်မယ်တွေဆိုရင်.. လူတွေ့တာနဲ့ လက်အုပ်လေးချီ၊ ဒူးလေးကွေးပြီး အတော့်ကို ချွဲချွဲပစ်ပစ်.. ခွေယိုင်လဲမတတ်.. “ ဆ၀ါဒီ... .. ခ ” လို့ မခို့တရို့ ပြုံးတုန့်တုန့်နဲ့ ပြောတော့တာပဲ..။ တရုတ်လေယာဉ်မယ်တွေကတော့ တရုတ်သိုင်းကားတွေထဲက မျက်နှာပေးတွေနဲ့ မထုံတက်တေး ပဲ..။ luggage တွေ ထည့်တဲ့ overhead compartment ကို ပိတ်တာကအစ.. ငယ်တုံးက ငှက်ပျောလက် သေနတ်ပစ် နေသလိုပဲ..။ တဒိုင်းဒိုင်းနဲ့ စိတ်မြန်လက်မြန် ပိတ်သွားတာ သိုင်းချနေသလား အောက်မေ့ရတယ်..။
အင်္ဂလိပ်စကား ပြောတော့လဲ.. ရော်ဘာပူပေါင်းနှစ်လုံး အချင်းချင်း ပွတ်ရင် ထွက်လာတဲ့ အသံမျိုးနဲ့..။ မပြောချင် ပြောချင်အထာနဲ့ တကျွိကျွိ.. တညိညိ အသံတွေကို စုံလို့..။ ငယ်တုံးက တရုတ်သံကို ဟာသလုပ် ပြောခဲ့ကြတာတောင် အမှတ်ရမိသေးတော့တယ်..။
“ ငြိထမိန် ငြိလျှော်..ငြိမလျှော် ငြိနံ ” ဆိုတာလေ..။
အတူသွားတဲ့ သူငယ်ချင်းသုံးယောက်မှာ တရုတ်စကားတတ်တဲ့ တစ်ယောက်က ဘာမှမဖြစ်ပေမယ့် ကျွန်တော်နဲ့ ကျန်တဲ့တစ်ယောက်ကတော့ တရုတ်မတွေ လုပ်သမျှ ပြောသမျှ အထူးအဆန်းကို ဖြစ်လို့ပါပဲ..။
ငိုအားထက် ရယ်အားသန်ရတာ ရှိသေးတယ်..။ Inflight meal ကျွေးတော့ ပေါင်မုန့်လုံးလေးတွေ ပါတယ်..။ ပုံမှန်ဆို တစ်ယောက်တစ်လုံး ပေးတာပါပဲ..။ ဒါပေမယ့် ..နောက်ထပ် ထပ်လိုချင်သူတွေကိုတော့ လေယာဉ်မယ်က ပေါင်မုန့်ဗန်းလေး ကိုင်ပြီး လိုက်မေးတယ်..။ ကျွန်တော်တို့နားကို အဲဒီပေါင်မုန့်ဗန်းနဲ့ ရောက်လာပြီး.. “ some more breads.. sir ” တဲ့..။ ဒါပေမယ့် ကျွန်တော်တို့ ကြားတာက “ some more breasts sir ” တဲ့..။ မယ်မင်းကြီးမက ခါးကုံးပြီးမေးတော့ ကျွန်တော်နဲ့ ဘေးကသူငယ်ချင်း တစ်ယောက်မျက်နှာတစ်ယောက် ကြည့်မိကြတယ်..။ (ကြည့်ချင်တာက တခြား ဟားဟား)
လေယာဉ်ဆင်းတော့ နှုတ်ဆက်စကား ပြောတယ်..။ “ Thanks for playing with us ” တဲ့..။
ပြည်မကြီး သိုင်းလောက က လေယာဉ်မယ်တွေကတော့ အဲသလို ဗျ..။
Subscribe to:
Post Comments (Atom)
16 comments:
funny..!
ရီရတယ်...
များများရေးပါ
ပြုံးရွှင်စွာ လာဖတ်သွားပါတယ်ရှင်
ဇာတ်ဆရာလာရင် မှတ်သားစရာပါသလို နဗန လာတာနဲ့ ရီစရာပါတော့တာပဲ။
open market ဆိုတာကြီးကို အရင်းရှင်လိုလို ကွန်မြူနစ်စံနဲ့ ချီတက်နေတဲ့ နိုင်ငံတော်ပိုင် လေယာဉ်လိုင်းမို့လို့၊ customer တွေကို ခုလိုဆက်ဆံတာပါ။ တိုင်ဝမ်တရုတ်ပိုင် လေယာဉ်လိုင်းက လေယာဉ်မယ်တွေဆို ညင်သာပါ့ဗျာ...။
Hope you play with them again!
Great!
ဟီးဟီး ပေါင်မုန့်စားချင်လာပီ... ကျနော် SA စီးတုံးကလဲ စားစရာလာပေးတော့ လေယာဉ်မယ်က ဆောင့်ကြောင့်ထိုင်ပီး မုန့်ဗန်းအယူ.. ကျနော်က ပေါင်မုန့် လှမ်းအငေး အဟေးဟေး... သူနောက်တခါ ကျနော့်ရှေ့မကုံးတော့ဘူး..
ကိုနဗနတို့ကတော့ အထူးအဆန်းတွေတွေ့တတ်တယ်။
ရှက်ပါနဲ့ ကြည့်ခဲ့တာလား ဆော့ခဲ့တာလား
ဒဂယ်နောက်တဲ့ အကိုဂျီးပဲ....ရယ်သွားတယ်း)
သူမို့ ရှာရှာဖွေဖွေ.. ကြည့်တတ်ပလေ :)
ဆိုက်(ဒ်)ဘယ်လောက်လဲဗျ...
ကိုဘ ဆီမှာက ပေါက်စီ...
ဒီမှာက ပေါင်မုန့်...
သိပ်မကွာပါဘူး..
I flew back from Shanhai to Singapore last 5yrs ago by eastern china air line. I 'd like to drink some water and pressed call button. But no airhostess showen up. Then I pressed the button again. One of hostess came and shout me by chinese langauge. I didn't understand what she said. At that time many china national
came to Singapore to work.
FUNNY AND REDUCE MY HARD TEMPERED.
PLS DO WRITE, IF U R NOT SO BUSY
GREAT THANKS
Post a Comment