Monday, March 10, 2008

6.6 မော်ချက်ဦး

ရွာမှာအကျင့်တစ်ခုရှိတယ်။ အထူးသဖြင့် ရွာကအပျိုတွေပေါ့။ ဇာတ်မင်းသားကို သူ့ထက်ငါအလုအယက် ထမင်းဖိတ်ကျွေးကြတယ်။ မင်းသားအခန်းထဲမှာ နေ့ခင်းဖက်ဆို အပျိုသုံးလေးယောက်အမြဲရှိတယ်။ တစ်ချို့ဆို သံယောဇဉ် အမျှင်တန်းပြီး ဇာတ်အဖွဲ့နဲ့ နောက်ပွဲခွင်တွေအထိ လိုက်သွားကြတယ်။ မော်ချိုတို့ အကဲဆုံးပဲ။ ဇာတ်မင်းသားကို ထမင်းဖိတ်ကျွေးတာ သူကရှေ့ဆုံးကပဲ။

"ဒီဟင်းလေးက မော်.. ချက်တာ.. မင်းသား.. စားနော်.. ထည့်ပါဦး.. မော်ချက်ထားတာ.. မစားရင်.. စိတ်ဆိုးလိုက်မှာနော်.." နဲ့ မင်းသားထမင်းဝိုင်းမှာ ပြာယာခတ်နေတာပဲ။ သူ့အမေ ဒေါ်မြသန်းကလဲ မင်းသားကို တအားသဒ္ဓါပြနေတယ်။ ယပ်တောင်တချောင်းနဲ့ မင်းသား အအေးပတ်မှာတောင် စိုးရတယ်။ ဘေးကနေ ယပ်ခတ်ပြီး ပြုစုနေတာ။

သားအမိနှစ်ယောက် အဲဒီလောက် ကဲနေတာကို မော်ချို့အဖေ ဦးသိန်းက မျက်စိစပါးမွှေးစူးလှပြီ။ မင်းသား စားသောက်ပြီး ပြန်သွားတာနဲ့ ဦးသိန်းက ဒေါသတကြီးနဲ့ မော်ချိုလာစမ်း.. ဒီလောက်တောင် ရွ နေတာ ငါ့အကြောင်း ပြရသေးတာပေါ့ ဆိုပြီး.. " မော် ချက်ဦး .. မော် ချက်ဦး.. " ဆိုပြီး ကျောပြင်ကို ဗျောတင်သတဲ့။

အဲဒီကစ လမ်းမှာ မော်ချိုကို တွေ့ရင် .. "မော်.. ချက်ဦး.. မော် ချက်ဦး.." နဲ့ ကျွန်တော်တို့က မထိတထိ စတော့တာပဲ။

No comments: