Monday, January 5, 2009

37.1 လွမ်းမိခုတိုင်

ဒီရက်ပိုင်း မမရဲ့ ဘလော့ဂ်လေးကို သွားဖတ်ကြည့်နေမိတယ်..။ အသက်အရွယ်သိပ်မကွာလှတဲ့ ညီအကိုမောင်နှမတတွေ စုစုရုံးရုံးသိုက်သိုက်ဝန်းဝန်း ငယ်ဘ၀ကို ဖြတ်သန်းခဲ့ရတာချည်း တူတာမို့ သူရေးထားတာလေးဖတ်ပြီး ကြည်နူးမိရပါတယ်..။ ( မမရဲ့ ဘလော့ဂ်လင့်က ဒီမှာ )

http://mamaonlinediary.blogspot.com/

အဲဒါလေးနဲ့ ဆက်စပ်ပြီး ကျွန်တော့်ညီအကိုမောင်နှမများအကြောင်း ပြည့်ပြည့်စုံစုံလေး လွမ်းချင်းချဖို့ စိတ်ကူးရလာရာကနေ အခုလို ကဗျာတပုဒ် ကပျာကယာထုတ်ပြီး ရေးလိုက်ရပါကြောင်း..။


ဟိုးအညာ
ဧရာဝတီရဲ့ အရှေ့ဖက်ကမ်း
ဆီမီးခုံဆိုတဲ့ သံသရာလမ်း
ကြမ်းတမ်းတဲ့ ခရီးတထောက်
တို့တတွေ အတူရောက်ခဲ့..။

ဒီအဖေ၊ ဒီအမေ ကမွေးဖွား
ဒီမိုး ဒီလေ ဒီစံနစ်တွေက ပြုစား
ခုများတော့ အဝေးမှာ
တစ်ယောက်တနယ်စီ ဝေးကွာ..။

ပေးတာတူပေမယ့် ယူတာကမတူ
ရတာက ကွဲပြား
ဘ၀တွေကခြားနား
တ၀မ်းတခါးအတွက် လမ်းမှားသူကမှား
စမ်းတ၀ါးဝါးနဲ့ သွားသူကသွား..။

ဒီလိုနဲ့ပဲ
သူ့မျိုးဆက် ကိုယ့်မျိုးဆက်လေးတွေ တိုးပွား
လောကဓံ မုန်တိုင်းတွေကြား
တအူတုံဆင်း မောင်နှမများ
ခရီးဆက်ဆဲ.. ချီတက်ဆဲ..။

3 comments:

Chit Hnin said...

အစ်ကို့ ကဗျာလေး ကောင်းလိုက်တာ ... အစ်ကိုတို့ကျောင်းတက်တုန်းက အချိန်ကို ပြန်သတိရတယ် ....။

david santos said...

Brilliant posting!!! Congratulations!!!!

ဂျူနို said...

လွမ်းမိပါတယ်။
ကိုယ့်မောင်နှမက ကိုယ့်မောင်နှမပါပဲ။ ဘယ်ဘ၀ရောက်ရောက်ပေါ့။
လမ်းမှားနေရင်လည်း ပြောပြရမယ်
လမ်းပြောက်နေရင်လည်း ကူရမှာပါပဲ။
တစ်စိမ်းတွေကိုတောင် လိုရင် ကူညီရ အမုန်းခံပြောရတာတွေရှိတာပဲ။