Wednesday, May 14, 2008

9.2 အဆောင်မှူး ကိုကိုချစ်

အဆောင်မှုးခမျာ ကျွန်တော်တို့ ဆိုးပေတဲ့ဒဏ် အတော်ခံရတယ်...။

သူစီးတဲ့ E2000 ကားကို ညမှာ ဂီယာဖြုတ် ၀ိုင်းတွန်းပြီး တောထဲ သွားထားကြတယ်။ ကျောင်းက ဧက ခုနှစ်ရာတောင် ကျယ်တယ်..။ တကယ့်တောကြီးထဲမှာပဲ..။

ညဦးပိုင်း အဆောင်မှုးက ပုတီးစိတ်ဘုရားရှိခိုးတယ်..။ အစိေႏၱယ်.. အပၸေမယ်.. အစိေႏၱယ် အပၸေမယ်.. လို့ ရွတ်တယ်..။ ကျွန်တော်တို့ က သူ့တံခါးပေါက်နားက နေပြီး.. " အစိမ်းတွေရ.. အ၀ါတွေရ..အပြာတွေရ " နဲ့ အော်ပြီး ပြေးကြတယ်..။

ပျင်းပျင်းရှိရင်.. မိန်းဘရိတ်ကာ ကြီး ချပြီး အဆောင်မှုးကို ကလော်တုတ်ကြတယ်..။ အဆောင်မှုးကတော့ ရိုးရိုးသားသား မီးပျက်တယ် ထင်တာပဲ..။ ဒါပေမယ့်သူလဲ နင်ပဲငဆ ကလော်တုတ်ခံရတော့ သည်းမခံနိုင်ဘူး..။

ပြန်ကလော်တုတ်တာပဲ။ " မီးပျက်တာ.. ငါနဲ့ ဘာဆိုင်လဲကွ.. မအေပေးတွေ.. မိမဆုံးမ ဖမဆုံးမ သားတွေ .. နွားတွေ.. " နဲ့ သူကလဲ ကြမ်းတယ်။ သူ ဆဲပြီးတာနဲ့.. ကျောင်းသားတွေကလဲ အားကျမခံ.. " ဟေ့.. အဆောင်မှုး.. ခင်ဗျားသာ နွားကြီး " နဲ့ ပြန်အော်ကြတယ်..။

သူ့အရပ်နဲ့သူ့ဇာတ်ပေါ့ဗျာ..

အမျိုးသမီးဆောင်က အမျိုးသားဆောင်နဲ့ အတော်လှမ်းတယ်..။ ညပိုင်း အမျိုးသမီးဆောင်ရှေ့ ဂစ်တာသွားတီးဖို့ ဆိုတာ.. အတော်အားထုတ်ရတယ်။ နည်းနည်းအမျှော်ရှိတဲ့ ကျောင်းသားတွေကတော့ သွားကြတာပဲ..။ ကျွန်တော်တို့ ငပြောင်အဖွဲ့ကတော့ အဆောင်မှုးနေတဲ့ အခန်းနား သွားပြီး ဂစ်တာတီးကြတယ်..။

အဆောင်မှုးနာမည်မှာ ချစ် ဆိုတာပါတယ်။ ကျွန်တော်တို့က ကွယ်ရာမှာ ကိုကိုချစ်လို့ ခေါ်ကြတယ်။ ဂစ်တာတီးပြီး ဆိုတဲ့သီချင်းက ဖိုးချိုရဲ့ အဆောင်သရဲ..။

"အမ်အိုင်တီ (MIT) နဲ့ ပတ်သက်လို့ ပုံပြင်လေး တစ်ပုဒ်ကြားဖူးတယ်.. "

" ပုံပြင်ထဲက ဇာတ်လိုက်ကြီး.. ကိုကိုချစ်လို့ မပြောပါနဲ့... "

... ..... .... "အခု တော့.. ရှော သွားပြီ.. အခုတော့ ရှောသွား ပြီ.. " နဲ့ ၀ိုင်းအော်ကြတယ်။ ပြီး.. ထွက်ပြေးကြတယ်။

အဆောင်ကြေးက တစ်လ လေးရာကျပ်။ ကျောင်းပိတ်ရင် refund ပြန်ပေးလေ့ရှိတယ်။ တစ်လ လေးရာတောင် မကုန်တဲ့ သဘောရှိတယ်။ ကျောင်းပိတ်လို့ အိမ်ပြန်ခါနီး refund မျှော်တဲ့ ကျောင်းသားတွေထဲမှာ ကျွန်တော်က ထိပ်ဆုံးကပါတယ်။

တစ်ရက် အဆောင်မှုးအခန်းရှေ့က နို့တစ်ဘုတ် မှာ.. "ယနေ့ ညနေ ခြောက်နာရီ မန်ကညိ ပြန်ပေးမည်.. ပုံ အဆောင်မှုး " လို့ ကျောင်းသားတစ်ယောက်က နောက်ရေးထားတယ်။

အိတ်လေးဆွဲပြီး ရုံးဆင်းလာတဲ့ အဆောင်မှုးက ကျောင်းသားတွေ စုရုံးစုရုံးနဲ့ နို့တစ်ဘုတ်ရှေ့ မှာ ရပ်နေတာတွေ့တော့ သူလဲ ၀င်ဖတ်တယ်..။ ရေးထားတဲ့ စာဖတ်ပြီး အခုလို မှတ်ချက်ပေးတယ်..။

"ရေးတဲ့ကောင် နှမ ဖာခံပြီး ပေးချင်ပေးမှပဲ.. " တဲ့ဗျား။

No comments: