Thursday, April 23, 2009

43.1 တရုတ်ပြည်သွား တောလားနိဒါန်း

အရင်အလုပ်မှာတုံးက တရုတ်ပြည် ရွှေလီဖက်ကို.. marketing trip ထွက်ဖူးတယ်..။ ပုံမှန် ဆိုရင် မြန်မာဖက်ကမ်း မူဆယ်နဲ့ မျက်နှာချင်းဆိုင် ဂျယ်ခေါင် ဆိုတာကို ဖြတ်ပြီး .. ရွှေလီကို သွားရတာပဲ..။ အဲသလို သွားဖို့ဆိုရင် တစ်ပတ်သက်တမ်းရှိတဲ့ border pass စာအုပ်လေး လျှောက်ရတယ်.။ ဒါပေမယ့် ကျွန်တော်တို့ ရောက်တဲ့အချိန်မှာ အဲဒီစာအုပ်က ကုန်တော်မူနေလို့.. မှောင်ခို ပစ္စည်းခိုးခိုးသယ်တဲ့လမ်းကြောင်း အတိုင်း ရွှေလီမြစ်ကို ဖြတ်ပြီး သွားခဲ့ရတယ်..။

အဲဒါက ကျွန်တော့်ဘ၀မှာ ပထမဦးဆုံး တရုတ်ပြည် ရောက်ဖူးခဲ့တာပဲ..။ တရုတ်၊ ကုလား ဆိုတဲ့ စကားလုံးက ကျွန်တော်တို့ မြန်မာတွေ အနေနဲ့ ငယ်ငယ်ကတည်းက သိပ်မစိမ်းတဲ့ စကားလုံးပဲ..။ ငယ်တုံးကဆို “ တရုတ်၊တရုတ် သောက်စားပုတ်.. ကုလားကုလား ၀က်ချီးစား.. ဗမာ ဗမာ လူလိမ်မာ ” နဲ့ ကျွန်တော်တို့ အော်ဆိုခဲ့ကြတယ်..။ အဲသလိုမျိုး မစိမ်းလှပေမယ့်.. တရုတ်ကို ဘာလို့ တရုတ်လို့ ခေါ်မှန်းတော့ မသိခဲ့ရပါဘူး..။ အသားဖြူရင် တရုတ်.. အသားမဲရင် ကုလားလို့ ခေါ်တယ် ဆိုတာလောက်ပဲ သိခဲ့ကြတယ်..။

နောက်များမှ.. ဒေါက်တာသန်းထွန်းရဲ့ စာအုပ်တွေ ဖတ်မိတော့ “ တ ရုတ် ” ဆိုတာ ဗမာလို သူပုန် လို့ ပြောမှန်း သိတော့တယ်..။ ရှေးခေတ် ဗမာတွေအတွက် “ တ ရုတ် ” ဆိုတာ သူပုန်တွေ ပေါ့..။ တ ရုတ် ဆိုတဲ့ အသုံးအနှုန်းက သူပုန်ကို ညွှန်းတယ်ဆိုတာ.. ပါဠိလိုလား.. ပုဂံခေတ်စာပေလိုလား..ပျုလို လား ဆိုတာတော့ ဒေါက်တာသန်းထွန်းက သေချာပြောမထားပေမယ့်.. ရှေးခေတ်တုံးကတော့ အဲဒီအသားဖြူဖြူနဲ့ ကောင်တွေက မြန်မာပြည်ကို မကြာခဏလာပြီး ရန်စကျုးကျော်လေ့ ရှိလို့ သူပုန်လို့ ခေါ်ဟန် တူပါတယ်..။

အခုတော့ မွေးချင်းပေါက်ဖော်.. မိတ်ဆွေရင်းကြီးတွေပေါ့..။

အဲဒီပေါက်ဖော်ကြီးများရဲ့ တိုင်းပြည်ကို လွန်ခဲ့တဲ့ တစ်နှစ်လောက်က ကျွန်တော်တို့ သူငယ်ချင်းတစ်သိုက် ပြဲပြဲစင်အောင် သွားခဲ့တာလေး.. ဘလော့ဂ်ကြွလာ ဆွေသဟာတို့ ကို မျှဝေချင်တာမို့ အခုလို နိဒါန်းစကား ချီးလိုက် ရပါကြောင်း..။

တရုတ်ပြည်သွား တောလားပေါ့..။

8 comments:

ဂျူနို said...

တရုတ်ဆို တာ သူပုန်ကို ပြောတာကိုး။
ဟားဟားဟား ခုတော့ ကိုယ်တို့ ပေါက်ဖော်တွေ။
ူသူပုန်အားကိုးနေရတဲ့ ဘ၀ပါလားနော်။

သီဟသစ် said...

ကိုနဗနရေ
မျှော်သာမျှော်သည် မယုံကြည်ဖြစ်နေတာ
အသစ်တက်လာလို့ လာဖတ်သွားတယ်
အားမရဘူးဗျာ များများရေး

TZA said...

စောင့်ဖတ်နေပါတယ်ဗျ :)

သားကြီး said...

ကျွန်တော့်တို့ပြောနေကျစကားတောင်ရှိတယ်လေဗျာ
"မဟုတ်တရုတ်" ဆိုတာလေ
ဟဲဟဲ.... လက်စသတ်တော့သင်းတို့ကသူပုန်တွေကိုး:P

Anonymous said...

ဆရာမိတ်
အမြဲလာဖတ်ဖြစ်တယ်၊

မမ

strike said...

သူပုန်ဆိုတာ ဆပ်ပြာဗျ။

Rita said...

တရုတ်=သူပုန်
သူပုန်=ဆပ်ပြာ
ထို့ကြောင့် တရုတ်=ဆပ်ပြာ

မင်းဒင် said...

တရုပ် ဆိုတဲ့ စကားဟာ ..
သူပုန် သူကန် ၊တရုတ် တရက် ဆိုတဲ့ ပေါရာဏ စကားလုံး ကနေ လာတယ်လို့ ယူဆပါတယ် ။

ခင်မင်လျက် ..

မင်းဒင်