Thursday, April 23, 2009

43.4 ရဲမြင့် ခေါ် ရေမြင်း

ကျွန်တော်တို့အဖွဲ့မှာ တရုတ်စကား တတ်တဲ့ မန္တလေးသား နာမည်က ရဲမြင့် တဲ့..။ လာရှိုး တရုတ်ပဲ..။ ကျွန်တော်နဲ့ မေဂျာတူပေမယ့် သူက ကျွန်တော့်ထက် တတန်းငယ်တယ်..။ MIT second batch ကပေါ့..။ တကယ်တော့ သူက ကိုးကန့်တရုတ်ပဲ..။ ကျောင်းမှာတုံးကတော့ မေးထူးခေါ်ပြော လှမ်းတွေ့ပြုံးပြ လောက် ခင်ကြသူတွေပဲ..။

ဒါပေမယ့် ကျွန်တော်နဲ့အတန်းတူ သူငယ်ချင်း ကိုးကန့်တရုတ် လှအောင်နဲ့ သူနဲ့က ညီအကိုတမျှခင်တယ်..။ လှအောင် က တဆင့်ပဲ သူ့ကို အကူညီတောင်းပြီး တရုတ်ပြည်ခေါ်ခဲ့ရတယ်..။

သူ့ကို ကျွန်တော်တို့ MIT အီးစီ ဌာနမှုး ဒေါ်ကျော့ခင်က “ ရေမြင်း ” လို့ ခေါ်တယ်..။ ပြောင်ခေါ်တာတော့ မဟုတ်ပါဘူး..။ ဆရာမကြီးက ရခိုင် ဆိုတော့ ရဲမြင့်လို့ ခေါ်လိုက်တိုင်း ရေမြင်းလို့ပဲ အသံက ထွက်ထွက်လာတယ်..။

ရဲမြင့်တို့က ငယ်စဉ်ကတည်းက တရုတ်ကျောင်းတက်၊ တရုတ်စာသင်လာကြတာဆိုတော့ တရုတ်စကားကို မွှတ်နေအောင် တတ်တယ်..။ သူ့လေယူလေသိမ်းကို ပြည်မကြီးက တရုတ်အစစ်တွေကတောင် ချီးကျုးကြတယ်..။ ဒါပေမယ့် ကိုယ်တော်ချောက မြန်မာစကားကျတော့ မပီရှာဘူး..။

တရုတ်မတွေ အပေါ်ကား အောက်ရှုး ဖြစ်နေတာကြည့်ပြီး “ အာ.. တရုတ်မတွေ ဖျင် မရှိဘူး ” လို့ သူပြောတယ်..။ ဖင် မရှိဘူးလို့ ပီပီသသ ပြောစမ်းပါ ရေမြင်းရာ လို့ ကျွန်တော်တို့က နောက်ရင် “ ဟုတ်တယ်လေ.. ဖျင်မရှိလို့ ဖျင်မရှိဘူးလို့ ပြောနေတာပဲ ” တဲ့..။ ဘယ်လောက် ကြိုးစားပြီ ပီအောင် ပြောပြော ဖျင် ပဲ..။

တရုတ်မတွေကလည်း တကယ့်ကို ဖျင်မရှိတာ.. တစ်ယောက်လဲ မဟုတ်၊ နှစ်ယောက်လဲ မက..တွေ့သမျှ အားလုံး နီးနီး မရှိနေတာပဲ..။

ဖျင်သာ မရှိတာ ရင်ကျတော့ ဖျင်နဲ့ ပြောင်းပြန်ပဲ..။ ဒီကြားထဲ.. အမွှေးအမျှင်က ထူသေးတယ်..။ ချိုင်းမွှေး ပြောပါတယ်..။ မယုံမရှိနဲ့..။ ကျွန်တော်တို့မှာ ချိုင်းမွှေးဗလဗျစ်နဲ့ မိန်းမတွေ့ရခဲတော့ မြင်မြင်သမျှ တရုတ်မ ချိုင်းပဲ လိုက်ကြည့်မိနေတော့တယ်..။

ရေမြင်း ကတော့ ပြောတာပဲ..။ တရုတ်ထီးတွေက အမွှေးမရှိတဲ့ တရုတ်မဆို မကြိုက်ဘူးတဲ့..။ ဟုတ်မဟုတ်တော့ မပြောတတ်ပါဘူး..။ ဒါပေမယ့် တတိုင်းပြည်လုံး အမွှေးဖုံးနေတာ အကြောင်းတစ်ခုခုတော့ ရှိမယ် ထင်ပါရဲ့..။

5 comments:

ZT said...

အေးတယ်လေ။ ဒါကြောင့် သဘာဝက လုပ်ပေးထာတာ နေမှာပေါ့။ ဝင်ရိုးစွန်းက ဝက်ဝံတွေလိုမျိုါ်လေ။ :D

:P said...

ပေါက်ပေါက်ရှာရှာ

Ko Boyz said...

တရုတ်ပြည်သွားတောလားကနေ ရင်၊ဖင်၊ ချိုင်းမေး သုတေသန ဖြစ်တော့မယ်...။

Nanda said...

သောက်ကျိုးနဲ ရီလိုက်ရတာ။ မနက်အစောကြီးအိပ်ခါနိး တယောက်တည်း တခွီးခွီးနဲ့ အကျယ်ကြီးထရီလို့ ဘေးခန်းက မီးတောင် လင်းလာတယ်။ ရေမြင်းက ကျုပ်တို့ဘက်ခ်ျက။ သိပ်သဘောကောင်းတဲ့ကောင်။ ခင်စရာလဲကောင်း။ သူ့ခင်ဗျာ စီးပွားရေးလုပ်နေတာများတော့ အတန်းက မမှန်၊ ကျောင်းကသူငယ်ချင်းတွေဆိုလဲ တည့်အောင်ပေါင်းရ၊ ဆရာဆရာမတွေဆိုလဲ အကုန်လုပ်ပေးရနဲ့။ ဆရာမကြီး တခါက အတန်းတွင်းမှာပြောလိုက်တာ သတိရမိရဲ့.. "ရေမြင်းမြို့ထွင်းကို ဇီးဝယ်လှိုက်အူးမယ် မြို့ထွင်းကို သွားမလား ..."တဲ့.. တတန်းလုံးက ဆရာမကြီးဘာပြောလိုက်လဲ နားမလည်ဘူး ရေမြင်းက ပိုဆိုးတာပေါ့.. " ဖျာ.. ရှာမ ." တဲ့ ခေါင်းလေးကုတ်ပီး..။

Unknown said...

ဟဟဟဟ... အူတွေနာတယ်ဗျာ