Tuesday, December 23, 2008

36.5 ခြေဗလာနဲ့ ကျောင်းလာကြသူများ

ဒီတစ်ခေါက် ရွာအပြန်မှာ ရင်မောစရာ မြင်ကွင်းတချို့ကို စိတ်မကောင်းကြီးစွာနဲ့ အမှတ်ထင်ထင်မြင်ခဲ့ရပြန်တယ်..။ မရောက်တာကြာပြီဖြစ်လို့ အသေးအဖွဲကအစကျွန်တော် သတိထားမိနေတာကြောင့်လည်း ပါမယ် ထင်ပါတယ်..။ ဆယ်နှစ်ဆယ့်ငါးနှစ်ဆိုတဲ့ အချိန်ကာလကို ရွာဟာ ဇရာနဲ့ပဲ ဖြတ်သန်းခဲ့ဟန် ရှိတယ်..။မြင်မြင်သမျှ ရွာရှုခင်းက အသက်မ၀င် မရှင်မသန်.. ချိနဲ့ လို့..။ တိုးတက်လန်းဆန်းတဲ့ အရိပ်အယောင်ဆိုတာ ကျွန်တော့်အာရုံခံအင်္ဂါတွေရဲ့ အဝေးမှာ မှုန်ဝါးဝေသီလျက်..။

စားဝတ်နေရေး တွေလည်း ကျပ်တည်းကြဟန်ရှိတယ်..။ ရွာသားအများစုက မှိုင်းဝေနုံ့နဲ့လို့..။ လူမမယ်အရွယ် ကလေးငယ်တော်တော်များများမှာ ဖိနပ်ဆိုတာ မရှိ..။ကျွန်တော်တို့ ငယ်စဉ် စီးခဲ့ရတဲ့ အဖိုးနည်းခိုင်ခန့် ခုံဖိနပ်လိုမျိုး.. တာယာဖိနပ်(ကားတာယာသားနဲ့ လုပ်ထားတဲ့ဖိနပ်) လိုမျိုးတောင် ခမျာများ မစီးနိုင်ကြတော့..။

ခြေဗလာနဲ့ ကျောင်းလာကြတာ.. တစ်ယောက်မဟုတ်.. နှစ်ယောက်မက..။ အဖြူအစိမ်း ကျောင်းဝတ်စုံဆိုတာကလည်း သူတို့ကိုယ်ပေါ်မှာ နွမ်းဖတ်ပါးလျ တွဲခိုလို့..။ သူတို့စိုက်ပျိုးခဲ့တာ သူတို့ ပြန်ရိတ်သိမ်းနေရတာပဲ လို့ မပြောရက်လောက်အောင် ကျွန်တော့်မှာ ဖြစ်ရပါတယ်..။



အမ ကျောင်းစိမ်းထမိန်ကို အထက်ဆင်ဖြုတ်ပြီး ၀တ်ခဲ့ရတဲ့ ကျွန်တော့်ငယ်ဘ၀ထက်တောင် သူတို့အဖြစ်က ဆိုးနေခဲ့ကြတယ်..။ မိန်းမထမိန် ချုပ်နည်း နဲ့ ယောက်ျားလုံချည် ချုပ်နည်း မတူကွဲပြားလို့ ငေါ့်ထွက်နေတဲ့ တစ်ကြောင်းချုပ်ရိုး မပေါ်အောင် အတွင်းဖက်လုံးပြီး ၀တ်ခဲ့ရတာကလွဲရင် ကျွန်တော်က သူတို့ထက် အများကြီး တော်သလိုပဲ..။

သူတို့ခမျာ ကျွန်တော့်လို အမထမိန်ဝတ်ချင်ရင်တောင် မလွယ်လောက်တော့ဘူး..။ အခုခေတ်ထမိန်တွေလို ဒေါက်ပတ်လည်နဲ့ ဆိုရင် ကျွန်တော်လည်း အထက်ဆင် ဖြုတ်ရုံလောက်နဲ့ မ၀တ်ရဲလောက်ပါဘူး..။ အထက်ဆင်တော့ မပါဘူး..ဒါပေမယ့် ပတ်လည်ထည့်ချုပ်ထားတဲ့ ဒေါက်တွေနဲ့ဆိုရင် နဗန ဖင်တွေတင်တွေပြူးထွက်ပြီး အတော်ကြည့်ကောင်းမယ့်ပုံပဲ..။

7 comments:

တက်တူ said...

ကျွန်တော်တို့က ညီအကိုတွေချည်းဆိုတော့ အဲဒီပြဿနာမရှိဘူး ဟဲ ဟဲ ဟဲ...။ ဒါပေမဲ့ အမေက အားလုံးတွက် အသစ်ဝယ်ရင် သူအရင် ကိုအရင် တော့လုရတယ်။

The Wild Rose said...

ကြည့်လို့ကတော့ ကောင်းမှာပါဗျ ....
တခါလောက်ဝတ်ကြည့်ပြီး
ဓါတ်ပုံရိုက်ပြီး ဘလော့ဂ်ပေါ်တင်ပေးပါလား ....
ဟား .... ဟား ... စတာနော် .....
အမြဲတမ်းစောင့်မျှော် ဖတ်ရှုနေကြောင်းပါ ....

:P said...

ကြည့်ကောင်းမယ်ဆိုတာ ယုံဘူး.....
သက်သေပြတဲ့ အနေနဲက ၀တ်ပြပါ။ ဘလော့ပေါ်တင်ပါ။

Navana said...

အားပေြး့တယ်ပေါ့
ဒီက စိတ်သိပ်ခိုင်တာမဟုတ်ဘူးနော်
တကယ်လုပ်မိတော့မယ်..။

Life is for Success said...

Hi,

Do it la ko navana, i will support you and i will apply for miss universe for u!
with rgrds

Life is for Success said...
This comment has been removed by the author.
Unknown said...

ဒေါက်ပါတဲ့  ထမိန်လေးဝတ်ထားတဲ့ မယ်နဗန
ကိုမြင်ဘူးချင်လိုက်တာ