Tuesday, February 24, 2009

41.3 ကလေးငယ်တွေ ဖိနပ်အသစ် စီးရတဲ့နေ့




သူတို့လေးတွေ တကယ်ကို ပျော်နေခဲ့ကြတယ်..။ တချို့ဆို လက်ကြီးပိုက်လို့ ခန့်ခန့်ကြီး..။ တချို့ဆို လမ်းလျှောက်တာကအစ ခေါင်းမော့ရင်ကော့ ပေါ့ပေါ့ပါးပါး..။ ကိုယ့်ခြေထောက်ကို ပီတိနဲ့ ငုံ့ကြည့်နေသူတွေလဲ မရှား..။





ကဲ ဒီမှာကြည့်.. သမီးစီးတဲ့ ဖိနပ်က အသစ်ကျပ်ချွတ်ရှင့်..







ဒါ တို့ချစ်တဲ့ကလေးတွေ..

သူတို့စီးထားတဲ့ ဖိနပ်လေးတွေလို သစ်လွင်တောက်ပ၊ ကြည်နူးဖွယ် အနာဂါတ်.. ပိုင်ဆိုင်နိုင်ကြပါစေ..။

7 comments:

Summer Field said...

မျိုးဆက်သစ်တွေအားလုံး ခြေအစ ဦးခေါင်းအဆုံး၊ သစ်လွင်တောက်ပတဲ့ အနာဂါတ်တွေ.. ပိုင်ဆိုင်နိုင်ကြပါစေ..။

(KMA)

Unknown said...

Thardu Thardu Thardu :) Ko Navana...

strike said...

သာဓု ၃ကြိမ်ပေါ့ဗျာ

ခိုင်စိုးလင်း said...

အိုင်ဒီယာလေးကသိပ်ချစ်စရာကောင်းတယ် ဖိနပ် အသစ်ဝေတာ သိပ်မကြားဖူးဘူး စာအုပ်တွေ အင်္ကျီတွေပဲကြားဖူးတယ်

mabaydar said...

ဟယ် မဗေဒါလဲ အဲဒိလိုသိပ်လှူချင်တာပဲ.. ရန်ကုန်ပြန်ရင် လှူဖို့ စဉ်းစားထားတယ်..
မသိလို့.. ဒါစုပေါင်းအလှူလား.. အစ်ကိုတစ်ယောက်ထဲ အလှူလားဟင်..

TRaung said...

သူတို့လေးတွေရဲ့ ဓာတ်ပုံကိုကြည့်ရတာ အတော်လေးကို ကြည်ကြည်နူးနူးခံစားမိသလို စိတ်မကောင်းလည်း ဖြစ်မိတယ်ဗျာ။ သူတို့ရတဲ့ဖိနပ်လေး ပြတ်သွားမှာကို စိုးရိမ်တဲ့သူတွေလည်း နည်းမှာမဟုတ်ဘူး။ စီးတောင် စီးရက်ကြပါ့မလား။

Unknown said...

အလှူရှင် ကိုလည်း ဦးညွတ်လိုက်ပါတယ်ခင်မျာ