Monday, February 2, 2009

39.1 ဘာလိုလိုနဲ့ ဆယ်နှစ်တိုင်ခဲ့ပါပကော..

မဒမ်နဲ့ အာဝါဟ၀ိဝါဟ ခဲ့တာ.. ၁၉၉၉ ခုနှစ် ဇန်န၀ါရီ (၁၄) ရက်ဆိုတော့.. ၂၀၀၉ခုနှစ် ဇန်န၀ါရီ (၁၄) ရက်မှာ ဆယ်နှစ်တင်းတင်းပြည့် သွားခဲ့ပြီ..။ ဘာမှ မကြာလှသေးသလို ခံစားရပေမယ့် ဆယ်နှစ်ဆိုတာ လူ့သက်တမ်းနဲ့ ယှဉ်ရင် မနည်းလှဘူးပဲ..။ စလယ်ဝင် ဖင်မမည်းခင် ကွဲပြဲကြတဲ့ အိမ်ထောင်ရေး ဇာတ်လမ်း တွေနဲ့ နှိုင်းရင်တော့ ဆယ်နှစ်ဆိုတာ ဂုဏ်ယူဖွယ်ရာ ကာလအပိုင်းအခြား တစ်ခုလို့ ဆိုရမှာပဲ..။

ရှစ်နှစ်ပြည့်၊ ကိုးနှစ်ပြည့် ဆိုတာမျိုးတွေလည်း အရင်ကမလုပ်ခဲ့ဖူးတော့ ဆယ်နှစ်ပြည့်မှာလဲထူးထွေပြီးတော့ အထိမ်းအမှတ်ပွဲ ကျင်းပတာမျိုး မလုပ်ဖြစ်ပါဘူး..။ မဒမ်ကတော့ ဆယ်နှစ်မြောက် ထူးထူးခြားခြားလေး လုပ်ချင်တဲ့သဘောမျိုး ပြောလာပေမယ့် “ ထူးခြားသွားအောင် ကိုကြီးတို့ ကွာရှင်းလိုက်ကြတာပေါ့ ” လို့ ပဲ အရွှန်းဖောက်ပြီး ကျွန်တော်ပြန်ပြောခဲ့တယ်..။

သူငယ်ချင်းအပေါင်းအရောင်းတွေကို ဖိတ်ပြီး ကျွေးမွေးဧည့်ခံ၊ သားနဲ့သမီးက သတင်းစာထဲမှာ ဒယ်ဒီမာမီမင်္ဂလာခရီး ဆယ်နှစ်မြောက်မှ နှစ်တစ်ရာတိုင်စေသော် ကြေငြာထည့် ဆိုတာမျိုး မလုပ်သည့်တိုင် မဒမ့်ဆန္ဒကို လိုက်လျောပြီး မိသားစုတတွေ.. အပြင်ဆိုင်တစ်ဆိုင်ဆိုင် သွားစားဖို့တော့ စိတ်ကူးမိပါသေးတယ်..။ ဒါပေမယ့် အဲဒီနေ့မှာပဲ တိုက်တိုက်ဆိုင်ဆိုင် ဘန်ကောက်သွားဖို့ ဖြစ်လာတော့ .. မဒမ့်ကို ချော့မော့ထားခဲ့ရပါတယ်..။

ဘန်ကောက်က အပြန်မှ.. လေဆိပ် duty free ကနေ seiko နာရီတစ်လုံး ၀ယ်လာခဲ့လိုက်တယ်..။ မင်္ဂလာခရီး ဆယ်နှစ်ပြည့် လက်ဆောင် လိုလို.. မွေးနေ့လက်ဆောင် လိုလို ရောယောင်ပြီး ကျွန်တော်ပေးတော့ မဒမ်က “ ဘောင်ချာရော ” လို့ မေးပါတယ်..။ အိပ်ထဲက ဘောင်ချာ ထုတ်ပေးတော့ “ ထိုင်းတစ်ဘတ် ကို မြန်မာငွေ ဘယ်လောက်လဲ ” လို့ ထပ်မေးပြန်ပါတယ်..။

၂၀၀၄ ခုလောက်က စင်ကာပူကအပြန်... ဆံချည်မျှင်သာသာလောက် ရှိတဲ့ ပလက်တီနမ် ဆွဲကြိုးလေး ၀ယ်လာပေးတုံးကလည်း မဒမ်က အဲသလိုမျိုး မေးခဲ့ဖူးတယ်။

ကျွန်တော့်မှာ နိုင်ငံခြားပြန် လက်ဆောင်ဝယ်လာတိုင်း သက်ဆိုင်ရာနိုင်ငံရဲ့ ငွေလဲလှယ်နှုန်းနဲ့တကွ ဘောင်ချာကို တင်ပြရပါတယ်..။ မင်္ဂလာသက်တမ်း ဆယ်နှစ်အတွင်း.. ရွှေအတု၊ ငွေအတု၊ တခါမှ လက်ဆောင်အဖြစ် ၀ယ်မပေးဖူးပေမယ့် မကြာခဏ “အတုဝယ်ပေးမှာဗျား” လို့ ကျွန်တော်က စတတ်တော့ မဒမ်ခမျာ မယုံရဲယုံရဲ များ ဖြစ်နေသလား မပြောတတ်ပါဘူး..။

အဲသလိုနဲ့ပဲ ဆယ်နှစ်တိုင်ခဲ့ပါပြီ အရပ်ကတို့..။

18 comments:

ZAW MOE AUNG said...

I must esteem your familiar life.

strike said...

Congratulation ပါ နနကြီးခင်ဗျား။

Life is for Success said...

Hi

Congatuation bro....
Do for me saya thike combine note lay...

ကိုပေါ said...

Happy anniversay, Captain. :-)

s0wha1 said...

Congratulations ကိုနဗန။

Rita said...

တကယ်ပဲ ၁၀ နှစ်လား
ဘောက်ချာရော ???

:D

khin oo may said...

နောက်တယ်ဗျာ။

khin oo may said...

congratulation !
happy anniversary

Thant said...

Congratulation !!!

MgThaJan said...

ဆယ်နှစ်မှ ရွှေရတု စိန်ရတု တိုင်အောင် ချမ်းသာသုခ အပေါင်းနဲ့ ပြည့်စုံပါစေခင်ဗျာ :)

ZT said...

ဆယ်နှစ်မှ စ၍ နောင်နှစ်တရာတိုင် သားသမီး မြေးမြစ် တစ်ဒါဇင်ခန့်ဖြင့် ပျော်ရွှင်နိုင်ပါစေ။

Moe Cho Thinn said...

ကိုကြီးနဲ့ မီးမီး အတူတကွ နှစ် ၁၀၀ တိုင်ပါစေ။

:P said...

နှစ် ၁,၀၀၀ တိုင်ပါစေ..

မေ့သမီး said...

ကိုနဗနရေ Happy Anniversary ပါ။

Unknown said...

အမရေ

အကိုကမှ ဆံချည်မျှင်လောက် ပလက်တီနမ် ဆွဲကြိုးဝယ်ပေးဖော်ရသေးတယ်။ သမီးကောင်လေးကဆို လေနဲ့တောင် မ၀ယ်ပေးဘူးပါဘူးအမရယ်။ အမကံကောင်းပါတယ်။

ကေမောင်ငြိမ်း said...

ဂုဏ်ယူပါတယ်ခင်ဗျာ၊ ဒီထက်ပိုပြီး သာယာချမ်း မြေ့ပျော်ရွှင်ဘွယ် ကောင်းတဲ့ မိသားစုလေး ဖြစ်ပါစေလို့ ဆုမွန်းတောင်းပါတယ်ဗျို့ :D

Maw said...

တူလို့တွေ့ကြပေတာပဲ။ ငါ့ညီလေး..ငါ့ညီလေး နဲ့.. သူများယောက်ျားကို ဒါတွေလက်ထပ်သင်ကြားပေးထားတာဖြစ်ရမယ်။ ဘယ်လိုကြီးတွေမှန်းကိုမသိဘူး။

ဂျူနို said...

ဝမ်းသာပါတယ်။
ဂုဏ်လည်းယူပါတယ်။
ချီးလည်းကျူးပါတယ်။
အားလည်းကျပါတယ်။