Thursday, July 22, 2010

47.8 ကံကြမ္မာ ဆန်းကြယ်ပုံက

အဖေ့ကို ရုံးထုတ်တော့ အဖေ့ရဲ့အမှုကို စစ်မယ့်သူက တချိန်တုံးက ကွန်မြူနစ်အချုပ်မှာ အတူအချုပ်ခံခဲ့ရတဲ့ ဌာနာအုပ် ဦးဘရီ ဖြစ်နေတယ်..။ နောင်တချိန် ရဲဘော်ဖြူတွေကို ဖမ်းမိရင် တတ်နိုင်သလောက် ကူညီပါ့မယ်လို့ သူပေးခဲ့တဲ့ ကတိအတိုင်းပဲ အဖေ့ကို ဦးဘရီက လိုလေသေးမရှိ ကူညီခဲ့ပါတယ်..။

အမှုမစစ်ခင်မှာ အဖေ့ကို ဦးဘရီက မှာထားတယ်..။ “ ကိုအုံးဖေ.. အမှုသွား၊အမှုလာ.. မေးပုံမြန်းပုံတွေကို ခင်ဗျား သိမှာမဟုတ်ဘူး.. အဲဒါကြောင့် ကျုပ်က ရှေ့ကနေ “ဟုတ်သလား ” လို့ မေးရင် ခင်ဗျားက “ဟုတ်တယ် ” လို့ပဲ ဖြေ၊ ကျုပ်က “ မဟုတ်ဘူးလား ” လို့ မေးရင် “ မဟုတ်ပါဘူး ” လို့ ဖြေ ” လို့ မှာထားတာပဲ..။

အဲဒါနဲ့ အဖေလည်း ဌာနအုပ် ဦးဘရီက “ ဟုတ်သလား ” လို့ မေးရင် “ ဟုတ်ပါတယ် ” လို့ ဖြေလိုက်တယ်..။ “မဟုတ်ဘူးလား ” လို့ မေးရင် မဟုတ်ဘူးလို့ပဲ ဖြေလိုက်တယ်..။ အဲဒီမှာ အဖေ.. စွဲချက်ကနေ .. ကွင်းလုံးကျွတ်လွတ်လာခဲ့တော့တယ်..။



5 comments:

တောင်ပေါ်သား said...

ကျေးဇူးတရားတွေကို ဒီစာပိုဒ်လေးမှာ တွေ့လိုက်ရတယ်

လာမဲ့ အပိုင်းတွေ မျှော်နေမယ် အကိုရေ


လေးစားလျက်
တောင်ပေါ်သား

Unknown said...

အမာခံ ပရိတ်သတ်ပါ။
စာပြန်ရေးတာ ၀မ်းသာပါတယ်။ :)

sy

susu said...

‌ပျောက်‌နေလိုက်တာအကြာကြီးဘဲ၊‌မော်စကိုများေ ရာက်သွားပြီလားလို့.....။‌တော်ပါ‌သေးရဲ့စာပြန်‌ရေးေ နလို့။

Sint Si said...

I am glad you are writing again.

Unknown said...

အသစ်မတင်လဲ ရောက်တယ်.. အသစ်တွေလဲ အကုန်ဖတ်သွားပြီ.. နောက်ထပ် စောင့်မျှော်နေ ပါတယ်..