Wednesday, August 12, 2009

45.3 တရုတ် နဲ့ အတု..

ဒီရက်ပိုင်း တရုတ်က လုပ်တဲ့ ကြက်ဥအတုတွေအကြောင်း.. ဟိုဟိုဒီဒီ သတင်းတွေမှာ.. တွေ့နေရတော့.. တုံးကွမ်က တရုတ်တစ်ယောက် ဖောက်သည်ချတဲ့ တရုတ်လုပ်ပစ္စည်းတွေ အတုအလွန်များတဲ့ အကြောင်းလေး ခေါင်းထဲ မှာ ပေါ်လာတယ်..။ ကျွန်တော်တို့ဝယ်မယ့် စက်ပစ္စည်းတွေရဲ့ Electrical Spare Parts တွေကို.. တရုတ်လုပ်ပစ္စည်းတွေ မလိုချင်ဘူးလို့ ပြောကြရာကနေ.. အဲဒီအကြောင်းကို သူက ရယ်စရာအနေနဲ့ ပြောပြ ခဲ့တာပဲ..။

တရုတ်ပြည်က လုပ်တဲ့ ပစ္စည်းတွေမှာ အတု ဘယ်လောက်များသလဲ ဆိုရင်.. တုံးကွမ်က စက်ရုံပိုင်ရှင်သူဌေးတစ်ယောက်.. အကြွေးမဆပ်နိုင်တော့လို့ အဆိပ်သောက်ပြီး ကိုယ့်ကိုယ်ကို သတ်သေတယ်..။ မိသားစုနဲ့ မိတ်ဆွေ အပေါင်းအသင်းတွေကို.. သူတော့ အကြွေးမဆပ်နိုင်တော့လို့ အဆိပ်သောက်သတ်သေသွားပြီ ဆိုတဲ့အကြောင်း သတင်းစကားစာရေးထားခဲ့ပြီး အဆိပ်တကယ်သောက်ပစ်လိုက်တယ်..။ ဒါပေမယ့်.. အဆိပ်က အစစ်မဟုတ်ဘဲ အတုဖြစ်နေတော့ သူမသေဘူး..။

အဲသလို အဆိပ်အတုနဲ့ တိုးပြီး မသေတော့မှ.. သူလည်း တော်တော်ကြောက်သွားပြီး နောင်တလည်း ရသွားခဲ့တယ်..။ သူ့မိသားစုနဲ့ အပေါင်းအသင်းတွေကလည်း.. “ ကံကြီးပေလို့ သာပဲ ” “ အဆိပ်အတုဖြစ်နေတာ တော်သေးတာပေါ့ ” ဆိုပြီး .. အဲဒီသူုကို ၀မ်းသာအားရ ၀ိုင်းဝန်းနှစ်သိမ့်ရင်း.. သေရွာပြန်အထိမ်းအမှန်အနေနဲ့ ပွဲလုပ်ကြတယ်...။ ဒါပေမယ့် အဲဒီပွဲမှာ သူတို့သောက်တဲ့ အရက်ကျမှ အတုဖြစ်နေလေတော့.. သူတင်မက..သူ့ဘော်ဒါတွေပါ အကုန် သေကုန်ရောတဲ့..။

7 comments:

Ko Boyz said...

ဟာဗျာ...။
ဟုတ်ကော ဟုတ်လို့လား။
ကိုဏဗဏကြီး လံကြုတ်ပြောနေတာလားဗျ။

Ko Boyz said...

အစ်ကိုကြီး သွားတွေ့ခဲ့တဲ့ တရုတ်တွေလဲ အတုတွေ ဖြစ်ချင်ဖြစ်နေမှာ...။

navana said...

တရုတ်တွေ ထွင်ပြောတဲ့.. သူတို့နိုင်ငံနဲ့ အတုများအကြောင်း ဖြစ်မယ် ထင်ပါတယ် ကဘွတ်ဇ်ရေ..

T T Sweet said...

ထူးဆန်းပါပေ့ ကတွတ်ပီ ... အဲ တရုတ်တွေရယ် ...ခုလဲ ကြက်ဥအတုတဲ့ ... ဟုတ်ရော ဟုတ်ရဲ့လားမသိ ... ကိုယ်တော့ကက်မတစ်ကောင်ကြက်ဖတစ်ကောင်ပဲမွေးတော့မယ် ... အတုလုပ်မဲ့ အစားတော့ ... ဦးနှေုာက်ခြောက်လွန်းလို့ ...

Nanda said...

တရုတ်ပြန် ကိုနဗန အတုကြီးပါဗျို့

Mi Nwe said...

ကိုနဗနရေးထားတာတွေ့မှ သတိရတာ..ဟိုနေ့က သတင်းမှာ ကြည့်လိုက်ရတာ.. ပန်ဒါဝက်ဝံရုပ်လေးတွေရောင်းတဲ့ဆိုင်..။ အတူတွေ ရှိလာပြီဆိုတော့ ဘယ်လိုနဂိုမူလအစစ်ဆိုတဲ့ privilege ကို ဘယ်လိုထိန်းသိမ်းထားပါသလဲလို့မေးတာ..။ အတုကတော့ ရှိမှာပဲ တရုတ်ပြည်မှာ အတုလိုက်မလုပ်ဘူးဆိုတာ မအောင်မြင်တဲ့ ရောင်းကုန်မို့လို့သာလို့ ဂုဏ်ယူစွာဖြေကြားသွားတာ နားထောင်လိုက်ရတယ်..။

Unknown said...

တုချက်ကတော့ပြောမနေနဲ့ ဗျာ
လမ်းတွေ့ ရင်တောင် ဂငယ်လား ချီးနားလား
သေချာကိုခွဲယူရတယ်