Tuesday, May 15, 2012

49.1 ကျမကို ချစ်ရင်တဲ့.. အံ့ရော



ဘလော့ဂ်ကို မရေးဖြစ်တာ အတော်ကြာပါပကော..။ အဓိကကတော့.. မအားနေတာရယ်.. အင်တာနက်နဲ့ အလှမ်းဝေး နေတာရယ်ကြောင့် မရေးဖြစ်တာပဲ..။ ဒီကြားထဲ ကျန်းမာရေးကလည်း.. နည်းနည်း လေး ယိုယွင်းချင်လာတယ်..။ ယွင်းပြီပေါ့..။ အသက်ကလည်း.. လေးဆယ်ကျော်ခဲ့ပြီ..။ အနေအထိုင်အစားအသောက်ကလည်း.. မဆင်မခြင် အရင်အတိုင်း ကိုး..။

အရက်ဆိုတာကလည်း.. ဘယ်ကနေဘယ်လို.. ရှောင်ရမှန်းကို မသိဘူး ဖြစ်နေတယ်..။ ပေါင်းနေသင်းနေတာကလည်း.. ပုလင်းတူဗူးဆို့တွေ..။ ထွက်လိုက်ရတဲ့ ခရီးဆိုတာကလည်း.. အိမ်မှာ နေရတယ်ကို မရှိဘူး..။ ကြာလာတော့.. ဟိုနားက နာသလိုလို- ဒီနားကနာသလိုလိုနဲ့- မော်တော်ကားစကားနဲ့ ပြောရရင်.. အင်ဂျင်ကကျနေပြီ..။

မဒမ်ကတော့.. တဖွဖွပြောရှာတယ်..။ ဆေးလေးဘာလေး စစ်ပါလားတဲ့..။ စစ်မနေချင်ပါဘူးအေ.. ရောဂါသိရတော့လည်း ကုနိုင်တာလိုက်လို့.. လို့ ဘာရယ်မဟုတ် ပြန်ပြောမိတယ်..။ အဲသလိုနဲ့.. နေခဲ့တာ.. လေးငါးနှစ်လောက် ရှိခဲ့ပြီ..။ ပြီးခဲ့တဲ့ သုံးလေးလလောက်ကတော့.. ရင်ဘတ်ထဲက အောင့်သလိုလိုရှိတာနဲ့ ဆရာဝန်သွားပြဖြစ်တယ်..။

စစ်လိုက်ရတဲ့ ဆေး..။ ကိုးဆယ့်ခြောက်ပါးလုံး ကုန်ရော..။ နောက်ဆုံးတော့ အဖြေထွက်တယ်..။ အသည်းရောင်နေတယ်..။ ကိုလက်စရောများနေတယ်..။ LDL က ရှိသင့်တာထက် သုံးဆလောက်ဖြစ်နေသတဲ့..။ ဆရာဝန်က ပြောရှာတယ်..။ ခင်ဗျားကို နဂိုရ်က.. တစ်နေ့ လေးပက်လောက်တော့ သောက်ခွင့်ပေးမလို့ တဲ့..။ အခု ဆေးစစ်ချက်ထွက်လာတော့.. လုံးဝသောက်လို့ မဖြစ်တော့ဘူးတဲ့..။

အနည်းဆုံး ဆေးသုံးလလောက် စွဲသောက်ပြီး.. အခြေအနေကောင်းမှ ပြန်သောက်ပါ လို့ မှာတယ်..။ ဒါပေမယ့်.. သို့သော်.. ဘယ်လိုပြောရမလဲ.. ခက်သားကလားကိုး.. ဆရာဝန်မှာတမ်း အသာဘေးချပြီး.. ရံဖန်ရံခါတော့လည်း.. သောက်နေမိတာပဲ..။ အရင်လောက်တော့.. မသောက်ဖြစ်တော့ပါဘူး..။

ဆရာဝန်ချိန်းတဲ့ follow up မကြာခင်က သွားပြဖြစ်တယ်..။

ခင်ဗျားကြည့်ရတာ.. ကောင်းလာသလိုပဲလို့ ဆရာ၀၀န်က ပြောတယ်..။ အော်-အင်း-ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ပေါ့..။ ဆရာဝန်က ထုံးစံအတိုင်း.. ဟိုစမ်းဒီစမ်းလုပ်ပြီး.. နောက်တစ်ကြိမ် follow up အတွက် ရက်ချိန်းပေးတယ်..။ လာမယ့် July လ.. 19 ရက်နေ့ တစ်ခေါက်ပြန်ပြပါတဲ့..။ ဆယ့်ကိုး ဂျုလိုင်ပေါ့..။

သူ့ရက်ချိန်း ကြားတော့.. ဘာရယ်မဟုတ် ကျောင်းနေဖက်သူငယ်ချင်းတစ်ယောက်.. သူ့ရည်းစားဆီက အဖြေတောင်းတာ.. သွား သတိရမိတယ်..။ ကောင်မလေးကို proposed လုပ်ပြီး.. အဖြေတောင်းတော့.. ကောင်မလေးက.. စဉ်းစားအုံးမယ်.. တစ်လပြည့်တဲ့နေ့ အဖြေပေးမယ်လို့ ပြောလွှတ်လိုက်တယ်..။ သူ proposed လုပ်တဲ့ ရက်က.. ဇွန်လဆယ့်ကိုးရက်နေ့..။

ဆိုတော့.. သူ့ကို အဖြေပေးမယ့်နေ့က.. ဂျုလိုင်ဆယ့်ကိုး ဖြစ်နေတယ်..။ သူကတော့ မသိရှာပါဘူး..။ သူငယ်ချင်းတွေ စုနေတဲ့ တိုက်ခန်းပြန်ရောက်တော့.. အဲဒီအကြောင်း သူဖောက်သည်ချတယ်..။ အဲဒီမှာ.. ငလုံး ဆိုတဲ့ကောင်က.. ဟ-မင်းကို အဖြေပေးမယ့်ရက်က.. ဆယ့်ကိုးဂျုလိုင်ဖြစ်နေတယ်..။ အဲဒီနေ့က အာဇာနည်နေ့ကွ..။ တို့ တတိုင်းပြည်လုံး ၀မ်းနည်းရတဲ့နေ့..။ မင်းလည်း အခြေအနေကောင်းမှာ မဟုတ်ဘူးလို့ ထပြောတယ်..။

အဲဒီကျမှ.. သကောင့်သားလည်း.. ကောင်မလေးဆီ တစ်ခေါက်ပြန်သွားပြီး.. အဖြေကို.. တစ်ရက်စောပြီး ပေးချင်ပေးပါ..။ ဒါမှ မဟုတ်.. တစ်ရက်နောက်ကျပြီး ပေးချင်ပေးပါလို့ .. တောင်းဆိုတယ်..။ ကောင်မလေးက.. တစ်ရက်နောက်ဆုတ်ပြီး ဂျုလိုင်နှစ်ဆယ်ရက်နေ့ အဖြေပေးမယ်လို့ သဘောတူလိုက်တယ်..။

အဲဒီရက်ရောက်တော့.. သကောင့်သား အစောကြီး အခန်းကနေ ထွက်သွားတယ်..။ ပြန်လာတော့ မျက်နှာက မသာမယာနဲ့..။ ဘာဖြစ်လာတာလဲ- အဆင်မပြေခဲ့ဘူးလားလို့ အားလုံးက ၀ိုင်းမေးတော့.. တစ်ဝက်ပြေ-တစ်ဝက်မပြေ လို့ မပွင့်တပွင့် နဲ့ ပြန်ဖြေတယ်..။

မချစ်နိုင်ဘူးလို့ ပြောလွှတ်လိုက်လို့လား ဆိုပြန်တော့လည်း မဟုတ်ဘူးတဲ့..။ ဒါဖြင့်ရင်.. နောက်ထပ် ရက်ချိန်းထပ်ပေးလို့လား ဆိုပြန်တော့လည်း.. မဟုတ်ဘူးတဲ့..။ ဒါဆိုရင် -မင်းဟာက ဘာလဲကွာ လို့ သူငယ်ချင်းတွေက.. စိတ်မရှည်တဲ့ လေသံနဲ့ မေးတော့မှ.. ကောင်မလေးက.. အချက်နှစ်ချက် တောင်းဆိုလိုက်လို့ဟေ့ လို့.. သကောင့်သားက ပြောတယ်..။

အင်း ပြောစမ်းပါအုံး.. သူက ဘာတွေတောင်းဆိုလိုက်လို့လဲ.. လင်းစမ်းပါအုံး ဆိုတော့.. သကောင့်သားက.. ပြောရခက်နေတယ်..။ သက်ပြင်းကို အတွဲလိုက်ချ- အခန်းမျက်နှာကျက်ကို အကြောင်းမဲ့အကြာကြီးမော့ကြည့်- နောက်တော့မှ အသက်ဝအောင် ရှုပြီး အခုလိုပြောတယ်..။

"ကောင်မလေးက သူ့ကို ကြိုက်ရင် အရက်ဖြတ်ရမယ်" တဲ့..။

ဟ-ဒါများ.. ဖြတ်မယ်ပြောလိုက်ပေါ့..။ ညားပြီးမှ ပြန်သောက်-အဲဒီအချိန်ကျ သူလည်း ဘာတတ်နိုင်တာမှတ်လို့ - ဆိုပြီး ငလုံးက ထပြောတယ်..။ ကျန်တဲ့လူတွေကလည်း.. ဟုတ်သားပဲ-အဲဒါများကွာ ပေးလိုက် ကတိ၊ ဆိုပြီး ၀ိုင်းပြောကြတယ်..။

အေး.. ငါကိုယ်တိုင်လည်း.. အဲဒီအချက်တော့.. လိုက်လျောနိုင်ပါတယ်..။ ဒါပေမယ့်..နောက်တစ်ချက် ရှိသေးတယ်..။ အဲဒါက သဘောတူဖို့ တော်တော်ခက်တယ်ကွ ဆိုပြီး.. " သက်ပြင်းတွေ အတွဲလိုက်ချ- မျက်နှာကျက်မော့ကြည့် " လုပ်နေပြန်တယ်..။

ဟ- ဘာကတိမို့လို့လဲ လို့ အားလုံးက ၀ိုင်းမေးကြတယ်..။ သူတော်တော်နဲ့ မဖြေဘူး..။ သူငယ်ချင်းများက.. လုပ်ပါ.. ငါတို့လည်း ၀ိုင်းစဉ်းစားပေးလို့ရတာပေါ့..။ နို့မို့ရင် မင်းဇာတ်လမ်းက.. လိပ်ခဲတင်းတင်းဖြစ်နေမှာ.. ဆိုပြီး မရမက အတင်း အစ်အောက်တော့မှ..

" သူ့ကို ချစ်ရင် ငါ့ သွားခေါ ကို ပြင်ပေး ရမယ် တဲ့ ကွာ " တဲ့..။ အဖြေက ထွက်လာတယ်..။

မိန်းမများ တောင်းဆိုစရာ ရှားလို့..။ အဲဒီသကောင့်သားကလည်း သွားက တော်တော်လေး ခေါရှာတယ်..။ မွေးရာပါ ခေါ တာ။ အဲဒါကြီး သွားပြုပြင်လို့ ဘယ်ဖြစ်မလဲ..။ အဲဒါက.. သူ့ရဲ့ trade mark ..ပဲ..။ ငယ်တုံးက.. ပြင်ခိုင်းရင်လည်း တော်သေး။ တသက်လုံး ခေါ လာတဲ့ သွား.. ချစ်သူအလိုကျအောင်.. ရိုက်ချိုးပြုပြင်လိုက်ဖို့ ဆိုတာ လွယ်တာမှတ်လို့..။

ဟေ့ အဲဒါတော့.. အဲဒီကောင်မ လွန်တယ်။ မကြိုက်ရင်လည်း နေပစေ..။ မင်း trade mark တော့ အပျက်မခံနဲ့..။ ဆိုပြီး တချိန်လုံးငြိမ်နေတဲ့ ကလေးသား သန်းဝင်းနိုင်က မှတ်ချက်ဝင်ပေးတယ်..။

အခုတော့လည်း.. အဲဒီ သွားခေါ လက်မောင်းကို ကနွဲ့ကယျချိတ်ပြီး.. ကလေးတစ်ယောက်နဲ့ မိသားစုလိုက် ကြွချီလာတာ.. ဟိုးတစ်ရက်က.. မင်္ဂလာဆောင်တစ်ခုမှာ တွေ့လိုက်ရတယ်..။

သွားက အရင်ထက်တောင် ပိုခေါ လာ သလိုပဲ..။ အဲဒီနေ့က..။



14 comments:

ko 9 said...

1.စာပြန်ေ၇းတာဝမ်းသာပါကြောင်း။
2.အသက်တွေကထိပ်စည်းလေးဖြစ်လာတော့..
ဦးသုမောင်စာအုပ်ထဲကလိုပြော၇၇င်
"ကောင်း၇င်..၇ပ်တော့တဲ့"
(ထိပ်စည်းတူတဲ့လူချင်းမို့ပါ)
3.ဆက်ေ၇းဖို့တိုက်တွန်းပါ၇စေ။

khin said...

Brother,
So GLAD! to see u back on blog...we've been waiting for long time ago. Keep going bro...& we do believe that u can join with publishing house to see ur writing on papers. CHEERS!...

Ko Boyz said...

သိဖူး မြင်ဖူး ခင်ဖူးတဲ့သူတွေ ကျမ်းမာရေး ကောင်းနေတာ မြင်ချင်တယ်ဗျာ...။
ဖြတ်လိုက်ပါတော့..
အစ်ကို ကျန်းမာပါစေ...။

Unknown said...

မဖတ်ရတာလဲ ကြာပြီ အစ်ကို စာတွေလဲ ဖတ်ချင်သေးတယ် ဒီတစ်ခါတွေ့ ရင်စကားလဲအေးအေးဆေးဆေး ပြောချင်သေးတယ်

San San Htun said...

အကို စာတွေ ပြန်ရေးနေပြီ..ကျန်းမာရေး ဂရုစိုက်ပါဂျာ

NSA said...

အသစ်တက်လာတာ တွေလို့ အားရဝမ်းသာ လာဖတ်တာ.... ။
ကျန်းမာပါစေ

Vista said...

ကျန်းမာပါစေ .. မဖတ်ရတာကြာလို့ ဘဘောတွေကျပြီးဖတ်သွားတယ် သွားခေါလက်ကိုချိတ်လို့ ဆိုတာ အတော်ရီချင်တယ်
အရက်ဖြတ်ဆိုလည်း ဖြတ်လိုက်ပါ ..ကျန်းမာရေးက အဓိကမဟုတ်လား ကလေးတွေ ရှိသေးတာကို

khin oo may said...

အသည်းရောင်နေတယ်..။ ကိုလက်စရောများနေတယ်..။ LDL က ရှိသင့်တာထက် သုံးဆလောက်ဖြစ်နေသတဲ့..။

အရက်လျော့ပါ..။ နားခိုရာနဲ့ တို့အမျိုးနဲ့ မပေါင်းနဲ့. ။ ပေါင်းရင်လဲ သူတို့သောက်သလိုမသောက်နဲ့။ အသည်းယောင်တော့ဘာဖြစ်လဲ ကြာတော့အသည်းမကောင်းဘူးပေါ့ ရှင်းတယ်နော်။ အသည်းမကောင်းတော့ဘာဖြစ်လဲ အသသည်ေးခြာက်ရောဂါတို့ ရေဖျဉ်းစွဲတာတို့ ဘိုက်ကြီး ကိုယ်ဝန်သည်ကြီးလိုဖောင်းလာမှာတို့. အသည်းဘာညာ ရောဂါတို့ ကြောက်ဝူးလား။

အရက်သောတာများရင်လဲ နလုံးခုနှ်နှုန်းတွေ မမှန်ဖြစ်တတ်တယ် ဘာမှမကောင်းဘူး သောက်တဲ့ခဏဘဲကောင်းမယ်ထင်တယ်။
ကော်လက်စထေရာတွေတက်နေတော့ဘာဖြစ်လဲ အဆီပိတ်တာပေါ့ အဆီပိတ်တော့ဘာဖြစ်လဲ နလု့းရောဂါဖြစ်ဘို့ chance များတယ်။ အဆီပိတ်တာ ကြာက်စရာတော့မလိုဘုးူးး သေကောင်းပါင်းလဲ ရောဂါမှ မဟုတ်တာ။ ဒါပေမဲ့ ကြောက်မယ်ဆိုရင်တော့လဲကြောက်စရာဘဲပေါ့။
အဲါဒဆို ရင် အရက်ပုလင်းယူလာရင် မပေးရတော့ဘူးပေါ့နော် စိတ်မကာင်းလိုက်တာ အဟင့်.

ရင်ဘတ်ထဲကအောင့်သလုဆိုတော့မကောင်းဘူးပေါ့ မအောင့်တာပိါိုကောင်းတယ်။
နလုံးမကောင်းတာကာ risk factor ထဲမှာ

အသက်
ဆေးလိပ်.
အရက်
ကော်လက်စထေရော
ဆီးချို
သွေးတို့း
မျိုးရိုး.နလုံးရောဂါ.

အဲသာတွေ ရှီတယ် အဲသာတွေ နည်းရင် ရင်ဘတ်အောင့်ဘို့ chance နည်းတယ်။့ အဲသည်တော့ အဲသာတွေ ကိုနည်းအောင်လုပ်ယူရမယ် အသက်ရှည်ဘို့လိုအပ်တယ် ကိုယ့်အတွက်ထက်ကို ကိုယ့်မိသားစုအတွက် သူတို့ ငါ့ကို လိုအပ်တယ် စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်တွေ ရှီတယ် မြင်နေရရင် ဝမ်းသာနေတဲ့သူရှိတယ်။ ကြားနေဖတ်နေရရင်ဝမ်းသာနေတဲ့သူတွေ ရှီတယ် မိုက်ချင်တာတောင် မှာ ငဲ့ညှာနေခိုင်းတယ်ဆိုတာလဲ သိတ်တော့မကောင်းဘူး။

သွားက အရင်ကထက်ပိုခေါမယ်ထင်တယ် ကြွားဝါစရာ ဇနီးသားမယားနဲ့ ဖြစ်နေပီကိုး.

သတိရပါတယ်။
ကျန်းမာချမ်းသာပါစေ။

An Asian Tour Operator said...

စာပြန်ရေးတာ ၀မ်းသာတယ်ဗျာ။

NLS said...

အကိုကြီး

မတွေ့ရတာကြာလို့ သတိရနေတာ။ စာတွေ မဖတ်ရတာကြာလို့ လွမ်းနေပါကြောင်း။

Kyaw Nanda said...

အရက်တင်မဟုတ်ဘူး ရှိသမျှဟာ အကုန်ဖြတ်ပစ်ပါကိုကြီးရာ။ အဲဒါတွေကြောင့် ဒုက္ခရောက်နေတာ မဟုတ်လား...

MrDice said...

ကိုနဗနကြီး... မဖြတ်ခင် ပိတ်ပွဲလေး တစ်ခါလောက် ချိန်းသောက်ရအောင် ဖုန်းနံပါတ်ပေး။

dymo said...

မယုံရေးချာ မယုံ

yaaragaccione said...

Best casinos in Canada for slots & casino - DrMCD
Play casino 경상남도 출장샵 games in Canada. Casino has 문경 출장마사지 got to 거제 출장샵 offer something 성남 출장마사지 new. Here are some of the best casinos 고양 출장안마 for slots. Play roulette. Play