Friday, April 22, 2011

48.1 မြေဇာမြက်တို့ဖြင့် ယက်လုပ်ထားသော သပွတ်အူတို့အကြောင်း

၁၉၉၆ မှာ ကျောင်းပြီးတယ်..။ ကျောင်းပြီးလို့ သိပ်မကြာခင်ပဲ.. လှိုင်သာယာ စက်မှုဇုံမှာ အလုပ်ရတယ်..။ အဲဒီကစလို့ လှိုင်သာယာမြေက မခွါနိုင်တော့တာ.. အခုဆို ဆယ့်လေးငါးနှစ်ရှိခဲ့ပြီ...။ အဲဒီနှစ်ကာလတွေမှာ နေထွက်က နေ၀င်၊ ခေါက်ရိုးကျိုးနေတဲ့ ဘ၀ပုံဟန်တွေကြား ကိုယ်ကိုယ်တိုင်လည်း ဟိုတွန်းဒီတိုက်နဲ့ ရွေ့ရွေ့မျောပါ ခဲ့ရတယ်...။

လောကဓံသံပါတ်တင်းထားတဲ့ အနာဂါတ်မဲ့ နရီစီးချက်တွေကိုလည်း နေ့စဉ်နဲ့အမျှ ကြားယောင်ခဲ့ရတယ်..။

မထိခလုတ်၊ ထိခလုတ် တစ်ယောက်နဲ့တစ်ယောက် ငြိကြတာတွေ၊ ဆတ်ဆတ်ထိမခံ ရွှေပန်းကန် ဖြစ်ကြတာတွေ၊ ၀ိဒေဟရာဇ်ပုတ်သင်လို မရှိမဲ့ရှိမဲ့ မာန်မာန နဲ့ ထလက်ခမောင်း ခတ်ကြတာတွေ၊ မထူးတော့တဲ့ ဘ၀တွေမို့ မထူးဇာတ်ခင်းကြတာတွေ၊ ထိရှလွယ်သလောက် မေ့ပျောက်လွယ်တာတွေ၊ အမိသော်လည်း သားတော်ခဲ တာတွေ စတဲ့ ဒိတ်လွန်လူ့ကျင့်ဝတ်တွေကလည်း ကိုယ့်မျက်စိအောက်မှာပဲ မမြင်ချင်တဆုံး ရှိခဲ့တယ်..။

တကယ်တော့ လူ့လောကဟာ.. မြစ်လယ်မှာ မျောနေတဲ့ ပုရွက်ဆိတ်အုံလို- ရေပေါ်က ပုရွက်ဆိတ်တချို့ ရှင်သန်ဖို့အတွက်.. ရေအောက်မှာ ပုရွက်ဆိတ်ပေါင်း ထောင်သောင်းမက ယက်ကန်ယက်ကန်နဲ့ အနစ်မွန်းခံနေကြရတာမျိုးပါပဲ..။

အဲဒါဟာ.. ဘယ်တော့မှမရိုးနိုင်တဲ့ လူသားရဲ့ ဂန္တ၀င်ပြကွက်တစ်ခုဆိုပေမယ့် ကျွန်တော့်အတွက်တော့.. ထိထိခိုက်ခိုက် မွန်းမွန်းကျပ်ကျပ်လေး မခံစားဘဲ မတတ်နိုင်အောင် ဖြစ်ရပါတယ်..။

အဲဒီခံစားချက်တွေ စုမိရာက ဒီစာကို မွေးဖွားမိပါတယ်..။ ဒီစာဟာ.. မြင်တွေ့ကြားသိရတဲ့ လောကဓံရဲ့လုပ်ရပ်ကို ပုတ်ခတ်တဲ့ စာမဟုတ်ပါ..။ မြုပ်ဇာတ်ကို ပေါ်စေချင်တဲ့ စေတနာနဲ့ ဖွဲ့သီထားတဲ့ စာပါ..။

9 comments:

Unknown said...

စာပြန်ေ၇းပြီပေါ့...ဝမ်းသာတယ်ဗျာ

Unknown said...

စာပြန်ေ၇းပြီပေါ့...ဝမ်းသာတယ်ဗျာ

ရွှေရတုမှတ်တမ်း said...

ကိုင်း....ပေါ်လာပြန်ပြီ...
ဗိုလ်အောင်ဒင်ပြန်လာတော့ ..တဒိုင်းဒိုင်း ပစ်သံကြားရတော့မယ်...

ကျနော်လိုအပ်သော တခြားကမ္ဘာတစ်ခု said...

I'm glad you are back...

Myanmar Good Knowledg Co., Ltd said...

စာပြန်ဖတ်ရလို့ ၀မ်းသာပါတယ်။
အစစ အဆင်ပြေပါစေ။

ma yu said...

စာတွေပြန်ရေးလို့ ဝမ်းသာပါတယ်။ ကျနော်တယောက်
တည်းမဟုတ်ပါဘူး။ အကုန်လုံးဝမ်းသာနေကြတာပါ။ တခါတုန်းက email ပို့ ခဲ့ဘူးသလို ကိုနဗနကရေနွေး
ဆူဆူကိုလက်ဘက်ခြောက်ခတ်နိုင်တဲ့သူပါ။ ဒါထက် facebook မှာဘာလို့ accept မလုပ်တာလဲ။ စိတ်မ
ကောင်းဖြစ်ရပါတယ်။

navana said...

အေးဗျာ.. အခုလိုမျိုး .. ကျွန်တော့်စာတွေကို .. စောင့်မျှော်နေသူ တချို့ ရှိတယ်ဆိုတာ သိရလို့.. ရေးအားရှိရပါတယ်..။ ဒါပေမယ့်.. အမြဲ မရေးနိုင်တော့လည်း.. သူတို့ကို အားနာမိရပါတယ်..။ ဘယ်လိုပဲဖြစ်ဖြစ်.. ကြိုးစားပြီး မျှဝေပါ့မယ်..။

ဒါနဲ့ဗျာ.. ကျွန်တော် facebook ကို မသုံးသလောက်ပဲဗျ..။ ဒါကြောင့် ဘယ်သူတွေ.. request လုပ်ထားမှန်း မသိဘူး..။ သွားကြည့်ပြီး accept လုပ်လိုက်ပါ့မယ်..။ သွေ့ပုချိ ပါ..။

Unknown said...

အစ်ကို့စာတွေပြန်ဖတ်ရတော့မှာမို့ ဝမ်းသာ ပါတယ်...အချိန်ရှားပါးတဲ့ခေတ်ကြီးမှာ အချိန် ပေးပြီးများများရေးနိုင်ပါစေလို့ပြောရမှာ အားနာသော်လည်း ပြောပါရစေ... အားပေး နေပါတယ်..

Unknown said...

Hi, Inspiring and Interesting blog you have here... It would be my pleasure if you visit my website too. Here's the link
http://motors.com.mm/?utm_campaign=mot_mm_lb_blog_riche&utm_source=mot_lb_blog&utm_medium=lb_blog